Moana (Live Action) ရုပ်ရှင်ကို ၂၀၂၅ ခုနှစ် ဂျွန်လ ၂၇ ရက်နေ့မှာ ထွက်ရှိမယ်လို့ Disney ကကြေငြာခဲ့ပါပြီ။ ၂၀၂၃ ခုနှစ်အစပိုင်းမှာတော့ သရုပ်ဆောင် Dwayne Johnson က Moana (Live Action) မှာ ပါဝင်သရုပ်ဆောင်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် Moana (Live Action) ရုပ်ရှင်ကို ယခုအချိန်အထိတော့ အစမပြုရသေးဘူးလို့လည်း Disney ကပြောပါတယ်။

Live Action က Moana ရုပ်ရှင် လိုပဲ ဇာတ်ကောင်တွေကလည်း အတူတူဖြစ်မယ်လို့ Disney ကပြောခဲ့ပါတယ်။ ဇာတ်လမ်းကလည်း ယခင်ရုပ်ရှင်လိုပဲ ဖြစ်ပြီး ကွာခြားမှု သိပ်မရှိဘူး လို့လည်းပြောခဲ့ပါသေးတယ်။

ဒီ Live Action မှာတော့ ယခင် ရုပ်ရှင်ရဲ့ အသံသရုပ်ဆောင်တွေဖြစ်ကြတဲ့ Dwayne Johnsonနဲ့ Auli'i Carvalho တို့က အဓိက ဇာတ်ကောင်နေရာတွေမှာ ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ Ariel ရုပ်ရှင်ရဲ့ အောင်မြင်မှုတွေကြောင့် Disney ကတော့ Animated film တွေ အကုန်လုံးကို Live action ပြောင်းမလား ဆိုတာကို စောင့်ကြရမှာပဲ ဖြစ်ပါတယ်။





