ယနေ့ခေတ်မှာ Vape ခေါ် စီးကရက် အစားထိုး ကို လူငယ်အများအပြားသုံးစွဲနေကြပါပြီ။ ဗာဂျီးနီးယား မှ Vape ခေါ် စီးကရက်အစားထိုး ကို အမြဲတမ်းလိုလို သုံးစွဲနေသူ အသက်(၁၉) နှစ်အရွယ်ရှိ လူငယ်တစ်ဦးဟာ Vape သောက်ခြင်းကြောင့် အဆုတ် ဟာ လေးဆ အထိ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အသက် (၁၉) နှစ်အရွယ်ရှိတဲ့ ဒရာဗင်ဟက်ထ်ဖီးလ် ဟာ ၎င်းအသက် (၁၃) နှစ်အရွယ်မှစ၍ Vape ကိုစသောက်ခဲ့ခြင်းဖြစ်ပြီး သူဟာ အဆုတ်ရောဂါဖြစ်တာကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ အဲ့လို တက်ခဲ့ရချိန်မှာ ဆရာဝန်များရဲ့ ပြောကြားချက်အရ vape သောက်ခြင်းကြောင့် အဆုတ်ပျက်စီးတဲ့ ပမာဏ ဟာ တစ်ရက်လျှင် စီးကရက်သုံးဗူးနှုန်းနှင့် နှစ်ပေါင်း (၃၀) ခန့်စွဲသောက်မိထားလို့ ပျက်စီးနေတဲ့ ပမာဏနှင့်အတူတူပဲလို့ ဆိုပါတယ်။

အဆိုပါ အမျိုးသား ဟာ ၎င်းရဲ့ အဆုတ်များအဆမတန်ပျက်စီးခဲ့ပြီးနောက်မှာတော့ Vape သောက်ခြင်းကို စွန့်လွှတ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သလို သူ့အနေနဲ့ တကယ်လန့်သွားခဲ့ကြောင်း ၊ တကယ်တမ်းသိထားတာက စီးကရက်ထက် vape က အန္တရာယ်ကင်းတယ်လို့သိထားတာဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ထို့နောက် ၎င်းက vape နှင့်စီးကရက်ကိုဖြတ်ရန်အတွက် နီကိုတင်းပါဝင်တဲ့ ပီကေဖြင့်အစားထိုးကာဖြတ်ခဲ့ကြောင်းဆိုထားပါသေးတယ်။








