ယနေ့နံနက် (၅) နာရီ ခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၊ မိုင်တိုင်အမှတ် (၁၆၇/၄)နှင့် (၁၆၇/၅)ကြားမှာ ရန်ကုန်-တောင်ကြီး ပြေးဆွဲနေတဲ့ "ဒို့ညီနောင်" Express ခရီးသည်တင်ယာဉ် ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသော GUARD RAIL တန်းများအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ သေဆုံးမှုများဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့သလို ကားတိမ်းမှောက်မှုကြောင့် အမျိုးသား (၃) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၅)ဦးရှိခဲ့ရာ သေဆုံးသူ (၃)ဦးထဲတွင် ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဟောင်း ရွေဓူဝံ ပါဝင်လာကြောင်း သိရပါတယ်။ ရွှေဓူဝံအပါအဝင် အမျိုးသား သုံးဦး ဟာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပြီး ရွှေဓူဝံ သေဆုံးကြောင်းကိုလည်း သူနဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်းက အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂၀)၊ မ(၁၁)ဦး စုစုပေါင်း (၃၁) ဦး အနက် ကျား(၃)ဦး (သေဆုံး)ကာ ထိခိုက်ဒဏ်ရာရရှိသူ ကျား (၁၅) ဦး နှင့်မ(၁၀) ဦး တို့အား လူမှုကူညီရေးအသင်းယာဉ်များဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
