တစ်ချိန် ကအင်္ဂလန်အသင်းရဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ပြီး ဖရီးကစ်တွေနဲ့ နာမည်ကျော်ကြားခဲ့တဲ့ ဘောလုံးကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း ဟာ လက်ရှိ ကာတာနိုင်ငံမှာ ပြုလုပ်နေတဲ့ (၂၀၂၂)ခုနှစ် ကမ္ဘာ့ဖလားမှာ ကာတာအတွက် သံတမန်အဖြစ် တက်ရောက်နေတာဖြစ်ပါတယ်။

ယမန်နေ့ နိုဝင်ဘာ(၂၂)ရက်နေ့ကလည်း အင်္ဂလန်နိုင်ငံ ရဲ့ ပွဲကို တက်ရောက်အားပေးခဲ့ပြီး အဲ့သလိုတက်ရောက်ခဲ့တာကြောင့် ဗြိတိန်နိုင်ငံ က ဟာသပညာရှင်တစ်ဦး က ဆန္ဒပြလာခဲ့တယ်လို့သိရပါတယ်။ ဒေးဗစ်ဘက်ခမ်း ဟာ သံတမန် မလုပ်ဖို့ တားမြစ်ခဲ့ပေမယ့် အင်္ဂလန်ပွဲသို့ သူတက်ရောက်ခဲ့တာကြောင့် ဗြိတိန် ဟာသ ပညာရှင် တစ်ယောက်က ပရဟိတအဖွဲ့သို့ လှူဒါန်းဖို့ ရည်ရွယ်ထားတဲ့ စတာလင်ပေါင် တစ်သောင်းတန်ဖိုးရှိ ငွေ စက္ကူတွေကို ဆုတ်ဖြဲပစ်ခဲ့တယ်လို့ သိရပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ နိုင်ငံခြားသား အလုပ်သမားတွေကို ပြုမူဆက်ဆံပုံ၊လိင်တူစုံမက်သူတွေရဲ့ အခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ တင်းကြပ်တဲ့ ဥပဒေတွေကြောင့် ပြစ်တင်ဝေဖန်ခံနေရတဲ့ ကာတာနိုင်ငံမှာ သံတမန်အဖြစ် တက်ရောက်အားပေးခဲ့တာကြောင့် ဗြိတိန် ဟာသ ပညာရှင် ဂျိုးလိုင်ဆက်က ဘက်ခမ်းအနေနဲ့ ကမ္ဘာ့ဖလား အိမ်ရှင် ကာတာနဲ့ အဆက်ဖြတ်ရင် ပေါင် တစ်သောင်း လှူဒါန်းမယ်၊အဆက်မဖြတ်ရင် ဆုတ်ဖြဲပစ်မယ်လို့ ပြောကြားခဲ့ပြီးနောက် အခုလို ဆုတ်ဖြဲလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
