ပဲရစ်မြို့က ဟိုတယ်တစ်ခု မှာ အတူတွေ့ခဲ့ရတဲ့ Leonardo Dicaprio နဲ့ Gigi Hadid

//s9.kh1.co/56/56f27a54bf39c1b79afd2fbfbb37125b3acdf2d8.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

နှစ်ဦးသားတွဲနေကြတယ်ဆိုတဲ့သတင်းတွေထွက်အပြီးမှာ.......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ရှုပ်ပွေတယ်လို့ နာမည်ကြီးလှတဲ့ ကမ္ဘာကျော် အနုပညာရှင် မင်းသားချောကြီး Leonardo Dicaprio ဟာ လတ်တလောမှာ အမိုက်စားစူပါမော်ဒယ်ဖြစ်ပြီး မိန်းကလေးတိုင်းက အားကျရလွန်းလှတဲ့ Gigi Hadid နဲ့ တွဲနေပြီဖြစ်ကြောင်း သိပ်မကြာခင်က တိကျတဲ့သတင်းတွေထွက်လာပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

နှစ်ဦး တွဲနေကြတယ်ဆိုတဲ့ အကြောင်းကိုသတင်းရင်းမြစ်တွေက အတည်ပြုခဲ့ကြပြီးနောက် ရက်သတ္တပတ်အကြာပိုင်းဖြစ်တဲ့ စက်တင်ဘာ(၂၉) ရက်နေ့က ပဲရစ်မြို့ရှိ ဟိုတယ် တစ်ခုတည်းမှာပဲ သူတို့နှစ်ဦးသားကို တွေ့ရှိခဲ့ကြရတယ်လို့ ပါပါရာဇီတွေက ရေးသား ဖော်ပြလာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

Gigi Hadid ဟာ ည(၁၀)နာရီဝန်းကျင်မှာ ဟိုတယ်ကို ပြုံးရွှင်မြူးတူးစွာဝင်လာခဲ့ပြီး မနက်(၁)နာရီမှာတော့ အဆိုပါဟိုတယ်ကနေ Leonardo Dicaprio က ထွက်လာပြီး သူ့နောက်မှာ Gigi Hadid က လိုက်လာတယ်လို့သိရပါတယ်။ ဒီပုံကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက် တွဲနေတယ်ဆိုတာ သေချာသလောက် ရှိနေပြီဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T