အပူပိုင်းမုန်တိုင်း"မူလန်" ဟာ မြန်မာနိုင်ငံအတွင်းသို့ လေပွေလှိုင်းအဖြစ် ဒီကနေ့ ဝင်ရောက်မည်

//s9.kh1.co/4d/4da9e95d798b20cb5b1507a67d6f4f16902221df.jpg
နေ့စဉ်သတင်းများ

 ၁၁-သြ-၂၀၂၂ ၁၂am · လွန်ခဲ့သော ၂ နှစ် က

မူလန် အမည်ရ အပူပိုင်းမုန်တိုင်း ဟာ ဗီယက်နမ်ကို ဖြတ်ကျော်အပြီးမှာ....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မူလန် အမည်ရ အပူပိုင်းမုန်တိုင်းဟာ မြန်မာနိုင်ငံအရှေ့ပိုင်းသို့ လေပွေလှိုင်းအဖြစ် ယနေ့ ဩဂုတ်လ(၁၁)ရက်နေ့မှာ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့အကြောင်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထူးခြားမိုးလေဝသ သတင်းအဖြစ် ထုတ်ပြန်သတိပေးလာပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

“မူလန်” ဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ (၁၁) ရက်နေ့ မှာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ ဗီယက်နမ်နိုင်ငံ အထက်ပိုင်းကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများအတွင်းသို့ လေပွေလှိုင်းအဖြစ်ရောက်ရှိနိုင်ကြောင်းခန့်မှန်းထားပြီး မူလန် ရဲ့ အရှိန်ကြောင့် ရန်ကုန်၊ နေပြည် တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သြဂုတ် (၁၁) ရက်မှ (၁၄) ရက်အတွင်း နေရာစိတ်စိတ် မှ နေရာအနှံ့အပြားမိုးသည်းထန်စွာရွာသွန်းကာ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အသိပေးထုတ်ပြန်ထားပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မူလန် ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူများအနေဖြင့် သတိပြုသင့်ကြောင်း သတိပေးထားတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T