မင်းသား Jisung အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ “Adamas” ဇာတ်ကားဟာ ဗုဒ္ဓဟူးနေ့ - ကြာသပတေးနေ့ ဒရာမာဇာတ်လမ်းတွဲစာရင်းထဲမှာ “Extraordinary Attorney Woo” နဲ့ အပြိုင် ပါဝင်လာမှာပဲဖြစ်ပါတယ်။ မင်းသမီး Park Eun Bin သရုပ်ဆောင်ထားတဲ့ “Extraordinary Attorney Woo” ကတော့ လက်ရှိအချိန်မှာ ဗုဒ္ဓဟူး-ကြာသပတေးဒရာမာတွေထဲ ထိပ်ဆုံးကနေ ဦးဆောင်လျက်ရှိနေပါတယ်။
![https://s9.kh1.co/__image/w=650,h=413,q=100/b1/b19c7083080452ef558020146d773f98dddc5eb3.jpg](https://s9.kh1.co/__image/w=650,h=413,q=100/b1/b19c7083080452ef558020146d773f98dddc5eb3.jpg)
ရှုံးပွဲမရှိ အဆင့်နဲ့ ဒဏ္ဍာရီကို ရေးသားနေတဲ့ မင်းသား Jisung က tvN ရဲ့ “Adamas” ဇာတ်ကားနဲ့ “Extraordinary Attorney Woo” ဇာတ်ကားကို ယှဉ်ပြိုင်နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇူလိုင် ၂၇ ရက်မှာ ရုံတင်ပြသမယ့် “Adamas” ဟာ တရားခံအစစ်ကို ရှာဖွေကာ အဖေဖြစ်သူ အပြစ်မရှိကြောင်း သက်သေပြမယ့် အမြွှာညီအစ်ကိုနှစ်ယောက်အကြောင်းဖြစ်ပါတယ်။
![https://s9.kh1.co/__image/w=600,h=855,q=100/f5/f50766b51de54eb13581b0764e0eef0c505bb6f9.jpg](https://s9.kh1.co/__image/w=600,h=855,q=100/f5/f50766b51de54eb13581b0764e0eef0c505bb6f9.jpg)
ဒီဇာတ်ကားမှာ မင်းသား Ji Sung က အရောင်းရဆုံး လျှို့ဝှက်ဆန်းကြယ်ဝတ္ထုစာရေးဆရာ Ha Woo-shin နဲ့ Central District ရဲ့ အထူးတပ်ဖွဲ့ရှေ့နေ Song Soo-hyun တို့ နှစ်ယောက်ရဲ့ မတူညီတဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင်ထားပါတယ်။ ၂၀၁၅ တုန်းက “Kill Me, Heal Me” ဇာတ်ကားမှာ Ji Sung ဟာ ကိုယ်ရည်ကိုယ်သွေး ၇ခု ပါတဲ့ ဇာတ်ကောင်ကို ကောင်းစွာ သရုပ်ဖော်နိုင်ခဲ့ပြီး MBC ဒရာမာဆုပေးပွဲမှာ Daesang ဆုရရှိခဲ့သူပါ။ ဒါကြောင့်ပဲ မင်းသား Ji Sung ကို “Adamas” ဇာတ်ကားမှာ ကြီးကြီးမားမား မျှော်လင့်နေကြတာဖြစ်ပါတယ်။
![https://s9.kh1.co/__image/w=650,h=366,q=100/28/28ba681a8c8af8e0cb4b6cbbcb1f0e1b1fc4ad6f.webp](https://s9.kh1.co/__image/w=650,h=366,q=100/28/28ba681a8c8af8e0cb4b6cbbcb1f0e1b1fc4ad6f.webp)
“Extraordinary Attorney Woo” ဇာတ်လမ်းကတော့ ဉာဏ်ကြီးရှင် ဦးနှောက်နဲ့ အော်တစ်ဇင်ရောဂါ ရှိတဲ့ ဥပဒေအကျိုးဆောင်လုပ်ငန်း ကြီး တစ်ခု မှ ရှေ့နေတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပြီး အင်္ဂလိပ်စကားပြော မဟုတ်တဲ့စီးရီးတွေထဲမှာ နံပါတ် ၁ နေရာကိုရောက်ရှိခဲ့တဲ့ Netflix ရဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ပတ်အတွင်းမှာ US ကနေ ပြန်လည်ရိုက်ကူးဖို့အတွက်တောင် အဆိုပြုချက် ရရှိခဲ့တဲ့ ဇာတ်ကားအမျိုးအစားပါ။ ဒါ့အပြင် “Woo Young-woo” နှင့် ပတ်သက်တဲ့ အကြောင်းအရာများဟာ လည်း ရေပန်းစားလျက်ရှိနေပါတယ်။
![https://s9.kh1.co/__image/w=650,h=413,q=100/44/44e6a91fb1ccc0641f1b5ffcb7829fc8f606e16d.jpg](https://s9.kh1.co/__image/w=650,h=413,q=100/44/44e6a91fb1ccc0641f1b5ffcb7829fc8f606e16d.jpg)
မင်းသား Ji Sung ရဲ့ “Adamas” နဲ့ မင်းသမီး Park Eun-bin ရဲ့ “Extraordinary Attorney Woo” ဇာတ်ကားဟာ ထွက်ရှိချိန်မတူပေမယ့်လည်း နံပါတ် ၁ ဗုဒ္ဓဟူးဒရာမာရဲ့သရဖူအတွက် ယှဉ်ပြိုင်နေမှာပါ။ "Adamas" ဇာတ်ကား က"Woo Young-woo" ဇာတ်ကားကို ကျော်လွှားနိုင်မလား ဆိုတာကို ရင်ခုန်စွာ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။
![https://s9.kh1.co/__image/w=650,h=342,q=100/b2/b23d7470d5da47a70f34f091091205eabdd4a031.jpg](https://s9.kh1.co/__image/w=650,h=342,q=100/b2/b23d7470d5da47a70f34f091091205eabdd4a031.jpg)
source - kbizoom