ထိုင်းနိုင်ငံ Trat ခရိုင်အတွင်းမှာ ဆိုးဆိုးဝါးဝါး ရေကြီးမှုတွေဖြစ်ပေါ်ခဲ့လို့ ဝက်အကောင်ရေ (၈၀၀) နီးပါးလောက် ရေထဲမျောပါသေဆုံး

//s9.kh1.co/cc/cc134594a08fe9d96a6af2b29e129fbd4fb71dfe.jpg
နေ့စဉ်သတင်းများ

 ၁၅-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံအရှေ့ဘက် Trat ခရိုင်မှာ အောက်တိုဘာ (၁၂) ရက်နေ့ညက Lion Rock တိုင်ဖွန်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မိုးသက်လေပြင်းများကျရောက်ပြီး ညပိုင်းမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တာကြောင့် ဟွေ့ခိုက်အုပ်စုရှိ “ ဝမ်လုပ်ဖာ “ ဝက်မွေးမြူရေးခြံတွေ နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဝတ်ခြံမှာ ဝက်အကောင်ရေ (၁၅၆၀) ခန့်လောက် မွေးမြူထားတာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဝက်ခြံရေနစ်မြုပ်ခဲ့မှုကြောင့် ဝက်များဟာ ရေနဲ့အတူမျောပါသွားခဲ့ပြီး အကောင်ရေ (၈၀၀) နီးပါးလောက် သေဆုံးကုန်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ (၁၃ )ရက်နေ့မှာတော့ ထိုင်းစစ်တပ်နှင့် ကယ်ဆယ်ရေးအဖွဲ့များက ရေပေါ်မှာ မျောပါနေတဲ့ ဝက်တွေကို ကုန်းမြင့်နေရာများသို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့တဲ့အပြင် သေဆုံးနေတဲ့ ဝက်တွေကိုပါ လိုက်လံ ဆယ်ယူပေးခဲ့ရတယ်လို့ ဆိုပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သေဆုံးသွားတဲ့ ဝက်တွေရဲ့ ဆုံးရှုံးမှုတန်ဖိုးကတော့ ထိုင်းဘတ်(၅) သန်းခန့် ဆုံးရှုံခဲ့ရကြောင်း မွေးမြူရေးခြံပိုင်ရှင်ရဲ့ သားဖြစ်သူကပြောကြားခဲ့ပါတယ်။ ယခုနှစ် ထိုင်းနိုင်ငံရဲ့ ရေကြီးမှုဟာ (၂၀၁၁) ခုနှစ် ရေကြီးမှုထက် ပိုမိုဆိုးရွားခဲ့ပြီး လူ (၁၆) ဦးထက်မနည်း သေဆုံးခဲ့ရသလို လယ်ယာစိုက်ခင်းများနှင့် မွေးမြူးရေးလုပ်ငန်းများလည်း အများအပြားပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T