နှစ်သန်းပေါင်း ၃၄ သန်းသက်တမ်းရှိတဲ့ ဝေလငါးတစ်ကောင်ရဲ့ ဦးခေါင်းခွံတစ်ခုကို တွေ့ရှိခဲ့တဲ့ ကျောင်းသူ

//s9.kh1.co/d4/d429516c70ddca27ccf6283a438b95c4fb6c037c.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၃ ၃pm · လွန်ခဲ့သော ၇ လ က

နှစ်သန်းပေါင်း ၃၄ သန်းသက်တမ်းရှိတဲ့ ဝေလငါးတစ်ကောင်ရဲ့ ဦးခေါင်းခွံတစ်ခုကို တွေ့ရှိခဲ့တဲ့ ကျောင်းသူ

အသက် ၁၆ နှစ်အရွယ် Lindsey Stallworth လို့အမည်ရတဲ့ ကျောင်းသူတစ်ဦးဟာ  နှစ်ပေါင်း ၃၄ သန်းခန့်ရှိတဲ့ ဝေလငါးတစ်ကောင်ရဲ့ ဦးခေါင်းခွံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူမဟာ အမေရိကန်ပြည်ထောင်စု အလာဘားမားပြည်နယ်ရှိ သင်္ချာနှင့်သိပ္ပံ ကျောင်းမှာ အငယ်တန်းတက်ရောက်နေသူပါ။ သူမဟာ ကျောင်းကို မရောက်မီ ငယ်စဉ်ကတည်းက ငါးမန်းဆွယ်တွေ နှင့် ကျောက်ဖြစ်ရုပ်ကြွင်းတွေကို စုဆောင်းရှာဖွေလေ့လာရတာကို ဝါသနာပါသူ တစ်ဦးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/e9/e94a880d8da49fedb25c14e93b1a55ace9213b89.jpg
https://s9.kh1.co/__image/w=650,h=366,q=100/8f/8fe2eeaf62d2fd14f133ad0832490719a169be49.jpg

ကျောင်းကိုရောက်တဲ့ အချိန်မှာလည်း ဝါသနာတူ ဇီဝဗေဒဆရာတစ်ဦးဖြစ်တဲ့ Drew Gentry နဲ့ တွေ့ပြီး  ဆရာတပည့်နှစ်ယောက်ဟာ နွေရာသီမှာ ရေလွှမ်းခဲ့တဲ့ နေရာတွေကို ခရီးထွက်ပြီး ငါးမန်းဆွယ်တွေနှင့် ကျောက်ဖြစ်ရုပ်ကြွင်းတွေကို အတူတူရှာဖွေခဲ့ကြပါတယ်။ အဲ့ဒီနောက် တောင်ကုန်းတစ်ပေါ်မှာ အရိုးတွေထိုးထွက်နေတဲ့ ကျောက်တုံးတစ်တုံးကို ကျောင်းသူလေးဟာ ရှာတွေ့ခဲ့ပါတယ်။ ပထမတော့ သူတို့ ဆရာတပည့်နှစ်ယောက်ဟာ အဆိုပါ အရိုးတွေကို ငါးမန်းဆွယ်လို့ ထင်ခဲ့ကြတာပါ။ 

https://s9.kh1.co/__image/w=650,h=488,q=100/65/6503f53ebbce099ce4402d4206961c88fa646cf7.jpg

နောက်ပိုင်း ငါးမန်းဆွယ် ဟုတ်မဟုတ် စစ်ဆေးဖို့အတွက် ကျောက်တုံးထဲက အရိုးတွေကို ထုတ်ယူခဲ့တာတောင်  ဆရာပတည့်နှစ်ယောက် လနဲ့ချီ အချိန်ယူခဲ့ရပြီး အရိုးတွေကို မိုဘိုင်းလ်မှာရှိတဲ့ ASMS ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးကြည့်တာ့အခါမှာ နှစ်သန်းပေါင်း ၃၄ သန်းသက်တမ်းရှိ Basilosaurid လို့ခေါ်တဲ့ ရှားပါဝေလငါးမျိုးစိတ်ရဲ့ ဦးခေါင်းရိုးတွေ ဖြစ်နေခဲ့တာကို သိရှိခဲ့ပါတယ်။  လာမည့်နွေရာသီမှာ သူတို့ဆရာတပည့်နှစ်ယောက်ဟာ  နောက်ထပ်ကျန်ရှိသေးတဲ့ အရိုးစုတွေ ရှိမရှိသိရအောင် တောင်ကုန်းပေါ်ကို ပြန်သွားကြည့်ကြမယ်လို့ သိရပါတယ်။ 

သတင်း အရင်းအမြစ်Source- USA today

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T