အမြုပ်ထနေတဲ့ သောက်သုံးရေကြောင့် ဟူးကွက်ရွာရှိရွာခံများ စိုးရိမ်မှုမြင့်တတ်

//s9.kh1.co/57/571f86ff0d911e34c22ab0a1807b36a3601a5dab.jpg
နေ့စဉ်သတင်းများ

 ၀၈-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အမြုပ်ထနေတဲ့ သောက်သုံးရေကြောင့် ဟူးကွက်ရွာရှိရွာခံများ စိုးရိမ်မှုမြင့်တတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့နယ် ၊ ဟူးကွက်ရွာမှာရှိတဲ့ သောက်သုံးရေရရှိတဲ့နေရာမှာ ရေတွေအမြုပ်ထနေတာကြောင့် ရွာခံတွေစိုးရိမ်နေပြီး အမြုပ်ထနေတဲ့ သောက်သုံးရေကိုလည်း မသောက်ရဲကြဘူးလို့သိရပါတယ်။

Photo - Local
Photo - Local

 ရွာသားတွေအနေနဲ့လည်း အခုလို ရေတွေအမြုပ်ထတာကို အရင်ကတစ်ခါမှမမြင်ဖူးကြောင်း ရေတွေအမြုပ်ထတဲ့ဖြစ်စဉ်က ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်ဖြစ်တာကြောင့် ရွာလူကြီးကိုသွားပြောကြောင်း ရွာလူကြီးကလည်း မသောက်ခိုင်းကြောင်း ရေတွေက အရှေ့ဘက်ခြမ်းကရေတွေဖြစ်ပြီး လက်ရှိမှာ အနောက်ဘက်ခြမ်းကရေတွေကိုသာ သုံးစွဲနေရတယ်လို့သိရပါတယ်။

Photo - Local
Photo - Local

ရေတွေက ဆပ်ပြာရေပုံစံမျိုးရှိပြီး ရွာခံတွေအနေနဲ့ ရေတွေ အထဲမှာ ဘာတွေပါဝင်နေလဲဆိုတာ သေချာမသိတာကြောင့် အဆိပ်ဖြစ်မှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

Photo - Local
Photo - Local

ရှမ်းပြည်နယ်ကျောက်မဲဒေသမှာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက တပ်ပေါင်းစု TNLA, SSPP နဲ့ RCSS တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ရွာခံထောင်နှင့်ချီဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

Source – Shwe Phee Myay

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T