အိန္ဒိယနိုင်ငံ၊ Shimla မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ အထပ်မြင့်အဆောက်အဦး(၁)လုံး ပြိုကျသွားခဲ့တဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်

//s9.kh1.co/92/92d77e08373bf39e13b4fda38e286d03c2032f13.jpg
နေ့စဉ်သတင်းများ

 ၀၆-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အထပ်မြင့်အဆောက်အဦး(၁)လုံး ပြိုကျခဲ့တဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်တစ်ခုဟာ လတ်တလော လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။ ဒီရုပ်သံဖိုင်ကတော့ စတင်ဘာလ (၃၀) ရက်နေ့က အိန္ဒိယနိုင်ငံ၊ Shimla ပြည်နယ်မှာ ပြိုကျခဲ့တဲ့ ဖြစ်စဥ်တစ်ခုပဲ ဖြစ်ပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ တောင်ကမ်းပါးပေါ်မှာ ဆောက်လုပ်ထားတဲ့ အထပ် (၈) ထပ်ပါဝင်တဲ့ အဆောက်အဦး(၁)လုံးဟာ တဖြည်းဖြည်း ယိမ်းယိုင်လာပြီး တောင်အောက်သို့ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။

PhotoCredit - BKD
PhotoCredit - BKD
PhotoCredit - BKD
PhotoCredit - BKD

အဆိုပါ ပြိုကျသွားခဲ့တဲ့ အထပ်မြင့်အဆောက်အဦးထဲမှာတော့ လူပါသွားခြင်းမရှိတာကြောင့် လူသေဆုံးမှုမရှိခဲ့ဘူးလို့ နိုင်ငံသတင်းများက ဖော်ပြထားပါတယ်။ အဆောက်အအုံထဲက ဒေသခံပြည်သူတွေကတော့ ပြိုမကျမီ နာရီအနည်းငယ်လောက်မှာ အက်ကွဲကြောင်းတွေ ပေါ်လာတာကြောင့် အပြင်ကိုအလျင်အမြန် ထွက်ပြေးခဲ့ကြကြောင်း သိရပါတယ်။

PhotoCredit - BKD
PhotoCredit - BKD

Shimla ပြည်နယ်ဟာ တောင်ပေါ်ဒေသဖြစ်ပြီး လူနေအိမ်အများစုကတော့ တောင်ကမ်းပါးတွေထက်မှာ ဆောက်လုပ်ထားကြတာ ဖြစ်ပါတယ်။ စက်တင်ဘာလ (၂၁) ရက်နေ့လောက်ကတည်းက Shimla ပြည်နယ်မှာ ဆိုးရွာစွာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး မြေပြိုကျမှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။ အဆောက်အဦးပြိုကျခဲ့တဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်ကိုတော့ ပြန်လည်ကြည့်ရအောင်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - BKD

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T