ရန်ကုန်မြို့တွင် ဈေးသက်သာတဲ့ ဆီဆိုင်တွေမှာ ဝယ်ယူနိုင်ဖို့ ကားများ ညအိပ်တန်းစီ စောင့်ဆိုင်းနေကြရ

//s9.kh1.co/06/06e55d46a9046ba779456a7c94d70819e220b48a.jpg
နေ့စဉ်သတင်းများ

 ၀၆-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

တန်းစီကြတဲ့ ကားတွေကလည်း များလိုက်တာ …….. (အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၉ လအကြာမှာ စက်သုံးဆီဈေးနှုန်းတွေ နှစ်ဆမြင့်တက် လာတာကြောင့် စက်မှုလုပ်ငန်း လုပ်ကိုင်သူတွေ အရှုံးပေါ်လာသလို ဝယ်လိုသူတွေလည်း တန်းစီစောင့်ဆိုင်း နေရတယ်လို့ သိရပါတယ်။

ယခင်က တစ်လီတာကို (၇၀၀) ကျပ် ဝန်းကျင်မှာပဲရှိတဲ့ စက်သုံးဆီဈေးနှုန်းတွေက အခုဆိုရင် အမျိုးအစားအလိုက် တစ်လီတာကို အနည်းဆုံး (၁၃၇၅) ကျပ်ကနေ အများဆုံး (၁၄၄၅) ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

Photo Credit : PJ
Photo Credit : PJ

ဗဟိုဘဏ်က ပြင်ပပေါက်ဈေးထက် ဈေး လျှော့နည်းတဲ့ ၁ဒေါ်လာ ၁၇၅၅ကျပ်ဖြင့် စက်သုံးဆီ ရောင်းဝယ်ရေးအသင်း (သို့ ) ဒေါ်လာများရောင်းချပေးခဲ့ရာ အသင်းက ဆိုင်အချို့တွင် ဆီဈေးများ ချပေးခဲ့ပါတယ်။ ဈေးချပေးထားတဲ့ ဆိုင်အချို့မှာ ဝယ်ယူခွင့်ရရေး ရန်ကုန်မှာ ညအိပ်စောင့် တန်းစီကြမှုများလည်း ရှိလာကြပါတယ်။

Photo Credit : PJ
Photo Credit : PJ

အောက်တိုဘာ (၅) ရက်နေ့ညက ယာဉ်မောင်းတစ်ဦးက ရန်ကုန်အမှတ် (၃) လမ်းပေါ် ကားများ တန်းစီ စောင့်ဆိုင်းနေမှုကို ပုံတင်ပြီး ဟိုးအရင်ခေတ်ကလို ပြန်တန်းစီရနေပြီဟု ရင်ဖွင့် စကားဆိုထားပါတယ်။

တချို့ကလည်း တက်ဈေးနဲ့ ကားအပြည့်ဆီထည့်မယ်ဆိုရင် ငွေအကုန်အကျများတာကြောင့် တန်းစီပြီး သက်သာတဲ့ဆိုင်က ဝယ်ခဲ့ကြသလိုနာရီအတော်ကြာ စောင့်ဆိုင်းရလွန်းလို့  စောင့်တဲ့အချိန်မှာ ကားဆွဲရင် ငွေပိုရလို့  နောက်ပိုင်း တန်းမစီဖြစ်တော့ဘူးလို့ သိရပါတယ်။

Photo Credit : PJ
Photo Credit : PJ

ရန်ကုန်တိုင်းအတွင်း သက်သာတဲ့ဈေးနှုန်းနဲ့ စက်သုံးဆီရောင်းချပေးသွားမယ့် အရောင်းဆိုင် (၇၈) ဆိုင်၊ မန္တလေးတိုင်းမှာ (၆၅)ဆိုင်၊ နေပြည်တော်မှာ (၉)ဆိုင် ရှိနေတယ်လို့  အောက်တိုဘာ ၁ရက် ကြေညာချက်များအရ သိရပါတယ်။

Photo Credit : PJ
Photo Credit : PJ

အာဏာသိမ်း စစ်ကောင်စီကတော့ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စီစဉ်ပေးမှုနဲ့ စက်သုံးဆီတွေကို ခွဲတမ်းအလိုက် အထူးဈေးနှုန်းနှင့် ရောင်းချပေးသွားမယ်လို့ ဆိုထားပါတယ်။

Source : Yangon Car News

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T