ကလေးငယ်အပါအဝင် လူ(၈)ဦး သေဆုံးခဲ့တဲ့ အီတလီနိုင်ငံက စိတ်မကောင်းစရာ လေယာဉ်ပျက်ကျမှု

//s9.kh1.co/33/33c43c18b27e7edc590d846eaf9d5aab5cb1cc6c.jpg
နေ့စဉ်သတင်းများ

 ၀၅-အောက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အောက်တိုဘာ (၃)ရက်နေ့က အီတလီနိုင်ငံ မီလန်မြို့ပြင်ရှိ အဆောက်အဦးတစ်လုံးပေါ်သို့ ပုဂ္ဂလိကလေယာဉ်ငယ်တစ်စင်း ပျက်ကျသွားပြီး လူ (၈) ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ Pilatus PC-12 လေယာဉ်ဟာ ပြုပြင်မွမ်းမံနေတဲ့ နှစ်ထပ်အဆောက်အဦးထဲသို့ ပျက်ကျသွားပြီး လေယာဉ်မှူး၊ တွဲဘက်လေယာဉ်မှူး၊ ကလေးငယ်အပါအဝင် ခရီးသည် (၆) ဦး သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

Photo Credit - AFP, AP
Photo Credit - AFP, AP
Photo Credit - AFP, AP
Photo Credit - AFP, AP

အဆိုပါပျက်ကျမှုဟာ ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ကြောင်း San Donato မြို့တော်ဝန် Andrea Checchi က ပြောကြားခဲ့ပြီး သတင်းဖော်ပြချက်များအရ သေဆုံးသူများမှာ ရိုမေးနီးယားလူမျိုး(၃) ဦး၊ ပြင်သစ်လူမျိုး(၂) ဦး၊ ကနေဒါနိုင်ငံသား(၁) ဦး နှင့်အီတလီနိုင်ငံသား(၂) ဦး တို့ဖြစ်ကြောင်း သိရပါတယ်။ ယင်းလေယာဉ်သည် အီတလီ Sardinia ကျွန်းဒေသ Olbia မြို့ရှိ လေဆိပ် နှင့် မီလန်မြို့ Linate လေဆိပ်အကြား ပျံသန်းပြေးဆွဲနေတာ ဖြစ်ပါတယ်။

Photo Credit - AFP, AP
Photo Credit - AFP, AP
Photo Credit - AFP, AP
Photo Credit - AFP, AP

လေယာဉ်ပျံတက်ပြီး မကြာမီမှာ အခက်အခဲနှင့်ကြုံရကြောင်း လေယာဉ်မှူးက သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။ မျက်မြင်တွေ့ရှိသူက လေယာဉ်ပျံသန်းနေစဉ်အတွင်း လေယာဉ်အပိုင်းအစတစ်ချို့ ပြုတ်ကျခဲ့ပြီး လေယာဉ်အင်ဂျင် နိမ့်ဆင်းလာစဉ် မီးလောင်ကျွမ်းနေတာကို တွေ့ရှိရကြောင်း နိုင်ငံမီဒီယာများမှာ ဖော်ပြခဲ့ပါတယ်။ မီလန်မြို့ရှိ အစိုးရရှေ့နေ Tiziana Siciliano ကတော့ ယင်းအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်Source - CGTN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T