ကလောမြို့နှင့် ပြင်ဦးလွင်မြို့ကို အခြေပြု၍ ကျောက်မီးသွေးခေါင်းတွဲရထားဖြင့် အပန်းဖြေခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောကြား

//s9.kh1.co/e7/e7b6f14a322ef53412d0ad33cf74fa6c270e5e6f.jpg
နေ့စဉ်သတင်းများ

 ၀၄-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အသေးစိတ်အကြောင်းအရာကတော့ ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယမန်နေ့ (အောက်တိုဘာ ၃ရက်)က ကလောမြို့နဲ့ အောင်ပန်းမြို့တို့ရှိ ဒေသခံများ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံရာမှာ ကလောမြို့နှင့် ပြင်ဦးလွင်မြို့ကို အခြေပြုပြီး အပန်းဖြေခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေတယ် ယခုလိုထည့်သွင်း ပြောကြားခဲ့ပါတယ်။

Photo Credit From နောင်ချိုဒီမို
Photo Credit From နောင်ချိုဒီမို

ကလောမြို့ဟာ မြန်မာနိုင်ငံရဲ့ တောင်ပေါ်အပန်းဖြေ မြို့တစ်မြို့ဖြစ်ပြီး ပူတာအို၊ ပြင်ဦးလွင်၊ ဟားခါး၊ သံတောင်ကြီး၊ ကလော စတဲ့မြို့များကို တောင်ပေါ်အပန်းဖြေ မြို့တော်များဖြစ်စေရေး လုပ်ဆောင်လျက်ရှိကြောင်း၊ ကလောမြို့ရဲ့ သဘာဝအလှ နှင့် ဒေသခံတို့ရဲ့ ဖော်ရွေတဲ့ စိတ်သဘောထားများကြောင့် မြို့ရဲ့ ဂုဏ်သတင်း မွှေးပျံ့လာပြီး ပြည်တွင်း၊ ပြည်ပမှ လာရောက်အပန်းဖြေသူများ များပြားလာနိုင်ကာ ဝင်ငွေများရရှိ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုမှာဖြစ်ကြောင်း၊ ခရီးသွားများကိုလည်း ဒေသထွက် ထုတ်ကုန်များဖြင့် ဆွဲဆောင်နိုင်ရမှာဖြစ်ကြောင်း ၎င်းကဆိုပါတယ်။

Photo Credit From နောင်ချိုဒီမို
Photo Credit From နောင်ချိုဒီမို

ထို့နောက်မှာတော့ ကလောကို အခြေပြုပြီး မြင်းတိုက်နဲ့ ဟဲဟိုးကြား ကျောက်မီးသွေးခေါင်းတွဲဖြင့် မီးရထားခရီးစဉ်များ၊ ပြင်ဦးလွင်ကို အခြေပြု၍ ဇီးပင်ကြီးနဲ့ နောင်ချိုကြား အပန်းဖြေ ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေကြောင်း၊ဟဲဟိုးလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ်သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလေဆိပ်မှတစ်ဆင့် ဒေသထွက်ပစ္စည်းများကို ပြည်တွင်းရှိ အခြားဒေသများအပြင် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်တယ်လို့ ၎င်းက ထပ်မံဖြည့်စွက် ပြောကြားခဲ့ပါတယ်။

Photo Credit From နောင်ချိုဒီမို
Photo Credit From နောင်ချိုဒီမို
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T