ရိုးရှင်းအေးချမ်းပြီး ပကာသနတွေမပါဘဲ ဆောက်လုပ်ထားတဲ့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ကျောင်းသင်္ခန်းလေး

//s9.kh1.co/47/47b096e027b69dde669c088e7b85c812a7c7521d.jpg
နေ့စဉ်သတင်းများ

 ၀၃-အောက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

သီလဂုဏ် ၊ သမာဓိဂုဏ်တွေနဲ့ ပြည့်စုံပြီး ဗုဒ္ဓသာသနာတော်ကြီး ရေလိုမီးလို ထွန်းလင်းတောက်ပအောင် လုပ်ဆောင်နေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို ပရိသတ်တွေ အားလုံးသိမြင်ကြမယ်လို့ ထင်ပါတယ်။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာအုပ်စု၊ ဉေယျဓမ်တောရကျောင်းတွင် သီတင်းသုံးနေထိုင်တာဖြစ်ပါတယ်။

Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ

ဆရာတော်ဘုရားကြီးရဲ့ သက်တော်မှာ (၈၀)ကျော်သွားခဲ့ပြီဖြစ်သလို သီလ၊သမာဓိနဲ့ပြည့်စုံနေတာကြောင့် အသွားအပြန်ခြေရာတောင် ထူးထူးခြားခြား တစ်ထပ်တည်းကျတဲ့ကြည်ညိုဖွယ် ဆရာတော်တစ်ပါးပဲ ဖြစ်ပါတယ်။ လက်ရှိ ဝါတွင်းသုံးလပတ်လုံးမှာတော့ ဆရာတော်ဘုရားကြီးဟာ ကျောင်းသင်္ခန်းကနေ ဆွမ်းခံကြွနေတာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီး ဆွမ်းခံကြွတဲ့ရက်တွေမှာလည်း အနယ်နယ်အရပ်ရပ်က ဒါယကာ၊ဒါယိကာများနဲ့ သံဃာတော်အပေါင်းက လာရောက်ဖူးမြော်ကြပြီး ဆွမ်းလောင်းလှူကြတာကို တွေ့ရပါတယ်။

Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ

ယခုမှာလည်း တပည့်သံဃာတော်တစ်ပါးက မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ သီတင်းသုံးနေထိုင်တော်မူတဲ့ ကျောင်းသင်္ခန်းကို ဖော်ပြလာတာ တွေ့ရပါတယ်။ ရုပ်ပုံတွေအရ ဆရာတော်ဘုရားကြီးဟာ ဝိနည်းတော်တွေနဲ့ အညီ သီတင်းသုံးနေထိုင်ပြီး ပကာသနတွေမပါတဲ့ ကျောင်းသင်္ခန်းလေးကတော့ သဘာဝဖြစ်တည်မှုတွေကိုသာ ကာရံမိုးထားပြီး ရိုးရှင်းအေးချမ်းနေတာ ဖြစ်ပါတယ်။ ကြည်ညိုဖွယ်ကောင်းတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ လက်ရှိ သီတင်းသုံးနေထိုင်တော်မူတဲ့ ကျောင်းသင်္ခန်းကို ပရိသတ်တွေလည်း မြင်တွေ့ဖူးအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ
Credit Photo-အရှင်စန္ဒာသီရီ

သတင်း အရင်းအမြစ်Source - အရှင်စန္ဒာသီရီ

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T