တောင်ကိုရီးယားနိုင်ငံမှာ မြန်မာပြည်သူတွေအတွက် မှတ်တိုင်တစ်ခု စတင်စိုက်ထူနိုင်ခဲ့ပြီဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG

//s9.kh1.co/bd/bdb6ea9f3167b24545e64a0406e5ea9ee861bde4.jpg
နေ့စဉ်သတင်းများ

 ၀၃-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ထား​သော အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်ပြည်သူ့အစိုးရအဖြစ် တောင်ကိုရီးယားအစိုးရကလည်း အားပေးထောက်ခံခဲ့ပြီး လိုအပ်တဲ့အကူအညီတွေကိုလည်း လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ဝမ်းသာစရာကတော့ အောက်တိုဘာလ (၂) ရက်နေ့က NUG ရဲ့ ကိုယ်စားလှယ်ရုံးကို တောင်ကိုရီးယားနိုင်ငံမှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun

ကြားသိရတဲ့ သတင်းများအရ NUG ရဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို တောင်ကိုရီးယားသမ္မတရုံး နိုင်ငံရေးအကြံပေးအဖွဲ့နာယက ပါမောက္ခဘအွန်းဟွန်း၊ အာဏာရပါတီရဲ့ လူငယ်အဖွဲ့"လူငယ်ကင်မ်ဒဲဂျွန်"ဥက္ကဌအီဒဲဆွန်း၊ တိုင်းရင်းဆေးဆရာဝန်များ အဖွဲ့"KOMSTA"ခေါင်းဆောင် အီဆွန်းအွန်၊ ခရီးထွက်နေတဲ့ ဘူဖြောင်းဒေသလွှတ်တော်အမတ်ဟုန်းယောင်ဖြို ကိုယ်စား အတွင်းရေးမှူး ကင်မ်ဂီဟွန်းနှင့် အခြားသော အလွှာအသီးသီး ဧည့်သည်တော်များမှ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရပါတယ်။

Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun

တိုင်းရင်းဆေး ဆရာဝန်များအဖွဲ့"KOMSTA"မှ မြန်မာပြည်သူများအတွက် ကိုဗစ်TEST KITS အခုရေ ၂၀၀၀(ဒေါ်လာ11,000ဖိုး)အား မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ပြီး၊ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ပေးပို့ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အလားတူ ချက်နိုင်ငံမှာလည်း NUG ရဲ့ မြန်မာကိုယ်စားလှယ်ရုံးကို မကြာခင် ဖွင့်လှစ်နိုင်တော့မယ်လို့ ကြားသိရပါတယ်။

Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
Photo Credit - Yan Naing Htun
https://s9.kh1.co/__image/w=600,h=847,q=100/3c/3ca3a979cd80dfc9706e4b47bdf28b296589d60a.jpg

သတင်း အရင်းအမြစ်Source - Yan Naing Htun

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T