မြန်မာနိုင်ငံက ကလေးသူငယ်တွေမှာ အစာအာဟာရချို့တဲ့မှု ဖြစ်ပေါ်နေ

//s9.kh1.co/e8/e8549dd8e30cc739da2a7aa4cb2996912303a6de.jpg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သနားဖို့ကောင်းလိုက်ကြတာ .....

မြန်မာနိုင်ငံက ကလေးငယ်တွေဟာ အစားအစာအာဟာရ မလုံလောက်မှုပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNICEF က စက်တင်ဘာလ (၂၃) ရက်နေ့က ပြောကြားခဲ့ပါတယ်။

၂၀၂၀ ခုနှစ် နောက်ဆုံးဒေတာများအရ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ် (၅) ဦးမှာ (၂) ဦးဟာ တစ်နေ့တာအတွက် တစ်နေ့တာမှာ လုံလောက်တဲ့ အစားအစာကို စားသောက်နိုင်ခြင်းမရှိသလို ကလေး (၄) ဦးမှာ (၁) ဦးဟာလည်း အစားအစာ အာဟာရ အနည်းငယ်ကိုသာ စားသုံးနေရတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit : UNICEF Myanmar
Photo Credit : UNICEF Myanmar

နိုင်ငံရေးမတည်ငြိမ်မှုပြဿနာနဲ့ ကိုဗစ်ကပ်ရောဂါတွေကြောင့် မြန်မာနိုင်ငံက ကလေးငယ်တွေက သူတို့ အသက်ရှင်ပြီး တိုးတက်ကြီးပွားဖို့အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝပြီး ရေရှည်အကျိုးဖြစ်ထွန်းတဲ့ အစာအာဟာရကို ရရှိဖို့တောင် ခက်ခဲနေတယ်လို့ UNICEF က ပြောပါတယ်။

Photo Credit : UNICEF Myanmar
Photo Credit : UNICEF Myanmar

မြန်မာနိုင်ငံရှိ ကလေးများက အာဟာရချို့တဲ့မှုကို ခံစားခဲ့ရပြီး မူကြိုကလေးတွေရဲ့ ၃၀% က အာဟာရချို့တဲ့မှု ဖြစ်ပွားခဲ့ပြီး၊ မူကြိုကလေး ၇% (ရခိုင် တွင် ၁၄%) ကတော့အရပ်ပုလွန်းခြင်း ဖြစ်သွားပါတယ်။

အသက် ၂ နှစ်အောက် ကလေးငယ်များ ကြာရှည်စွာအာဟာရချို့တဲ့မှုခံစားနေရပါက ပြန်ပြီး ကုသလို့မရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ သိမြင်မှုနှောင့်နှေးကြန့်ကြာမှုများ ရှိနိုင်တဲ့အခြေအနေ သို့မဟုတ် သေဆုံးနိုင်ခြေ အထိကို ပြင်းထန်ပါတယ်။  

Photo Credit : UNICEF Myanmar
Photo Credit : UNICEF Myanmar

Source : UNICEF Myanmar

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T