ထိုင်းဝန်ကြီးချုပ်ရဲ့ အမှာစကားကြောင့် အရွဲ့တိုက်တဲ့ပုံစံနဲ့ ရေပေါ်မှာ လက်အုပ်လေးတွေချီပြီး ဘုရားစာရွတ်နေကြတဲ့ မိသားစုတစ်စုရဲ့ ရုပ်သံဖိုင်

//s9.kh1.co/ef/ef01ef106db9094de36f285587921b931777d810.jpg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က မုန်တိုင်းဝင်ရောက်မှုကြောင့် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်း၊ တာ့ခ်၊ ဆုခိုထိုင်း၊ ဖိကျစ်၊ ခွန်ကဲန်၊ ချိုင်းယဖွန်း၊ နခွန်းရာ့ချ်ဆီမား၊ ဥဘွန်းရာ့ချ်ဌာနီ၊ နခွန်းဆဝမ်၊ ချိုင်းယားနတ်၊ ဆင်းဘူးရီး၊ အယုဒ္ဓယ ခရိုင်တို့ဖြစ်ကြပြီး အဲဒီထဲက မြို့နယ်ပေါင်း (၅၅) မြို့နယ်၊ (၁၇၈) အုပ်စု၊ (၈၃၉) ရပ်ကွက်၊ကျေးရွာ၊ မြူနီစီပါယ်ဧရိယာ (၁)ခု နဲ့ အိမ်ခြေပေါင်း (၁၃၉၃၀ )အိမ်လောက် ရေဘေးသင့်ခဲ့ရပါတယ်။

Photo Credit - คลิปจากworkpoint​23
Photo Credit - คลิปจากworkpoint​23
Photo Credit - คลิปจากworkpoint​23
Photo Credit - คลิปจากworkpoint​23

ယခုတစ်ခါ ရေကြီးမှုဟာ အဆိုးရွားဆုံး စံချိန်တင် ရေကြီးမှုလည်းဖြစ်ခဲ့ပြီး ရေလွှမ်းနေတဲ့ ပြည်နယ်တွေက ပြည်သူတွေကို ဘေးလွတ်ရာကို အရေးပေါ်ရွှေ့ပြောင်းခဲ့ကြပါတယ်။ ရေဘေးသင့် ပြည်သူတွေရဲ့ လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကိုလည်း ပရဟိတအသင်းတွေက ကူညီထောက်ပံ့ပေးနေကြတာ တွေ့မြင်ရပါတယ်။ ယခုမှာ ထိုင်းလိုင်း 23 ကနေ ရေဘေးသင့်ပြည်သူတွေကို အင်တာသွားဗျူးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုဖော်ပြခဲ့ပါတယ်။

Photo Credit - คลิปจากworkpoint​23
Photo Credit - คลิปจากworkpoint​23
Photo Credit - คลิปจากworkpoint​23
Photo Credit - คลิปจากworkpoint​23

အင်တာသွားဗျူးနေတဲ့ အချိန်မှာ အိမ်တွင်း၊ အိမ်ပြင်နေစရာမရှိတော့တဲ့ မိသားတစ်စုက ဝန်ကြီးချုပ်ရဲ့ အမှာစကားကြောင့် လက်အုပ်ချီဘုရားစာရွတ်နေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ထိုင်းဝန်ကြီးချုပ်က ရေကြီးတဲ့နေရာတွေကို လာရောက်ကြည့်ရှုချိန်မှာ ရေမကြီးအောင် ဘုရားစာရွတ်ဆိုကြပါလို့ ပြောလိုက်မိတာကြောင့် အွန်လိုင်းပေါ်မှာ ဝန်ကြီးချုပ်စကားကို အရွဲ့တိုက် တဲ့ပုံစံနဲ့ ရေပေါ်မှာတရားဝတ်ပြုခြင်း လက်အုပ်ချီဘုရားစာရွတ်ဆိုခြင်း စတာတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီရုပ်သံဖိုင်ဟာ ထိုင်းပြည်သူတွေကြားမှာလည်း ပျံ့နှံ့သွားခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - คลิปจากworkpoint​23

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T