စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသောကြောင့် ဒေသခံများ ဆက်လက်တိမ်းရှောင်နေရ

//s9.kh1.co/19/19ecd1bf99162bbec4325957c91e580cbd18787e.jpeg
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အေးဆေးငြိမ်သက်တဲ့ အထက်ဗမာပြည်မြို့ငယ်လေးမှာ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့.....

စက်တင်ဘာလ ၂၂ ရက်နေ့ ပင်လည်ဘူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့တွင်စစ်ကောင်စီဘက်မှ လေယာဉ်နဲ့လာရောက်တိုက်ခိုက်သည့်အတွက် ကျေးရွာပေါင်း (၁၀) ရွာခန့်မှ ပြည်သူများထွက်ပြေးနေရကြောင်း သိရပါတယ်။ 

လက်ရှိ ဆားတောင်ပုံကျေးရွာမှာလည်း စက်တင်ဘာလ (၂၅) ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား၇၀၀ခန့် တပ်စွဲထားကြောင်းလည်း သိရပါတယ်။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ ကျောက်ဦး၊ ရုံးပင်၊ ဆားတောင်ပုံ၊ မြဂနိုင်၊ အင်းဂါး၊ ကနီ၊ဝမ်းဘဲအင်း၊ နောင်မူး၊ နောင်ရင်း၊ ကြိုးကြာဝင်း စတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ ခုတိမ်းရှောင်နေရတဲ့ ရွာတွေကတစ်ရွာကို အိမ်ခြေ ၄၀၀ ဝန်းကျင်လောက်တော့ရှိပါတယ်။

စက်တင်ဘာလ (၂၆) ရက်နေ့ အင်တာနက်ဖြတ်တောက်ခံရသည့်နေ့တွင် ဝမ်းဘဲအင်းကျေးရွာတွင် စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။  

Photo Credit : Original Uploader 
Photo Credit : Original Uploader 

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက အင်တာနက်နဲ့ဖုန်းလိုင်းများ ဖြတ်တောက်မှုထဲမှာ အများဆုံးဖြစ်ပြီးစက်တင်ဘာလ (၂၈)ရက်နေ့ထိ အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံရတဲ့ မြို့နယ်ပေါင်း (၁၀) မြို့နယ်ခန့်ရှိပြီ ဖြစ်ပါတယ်။

ပင်လည်ဘူးမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာပေါင်း (၁၀) ရွာခန့်ရှိသော်လည်းတိမ်းရှောင်နေရတဲ့ အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်း တိတိကျကျရရှိရန် ခက်ခဲနေဆဲဖြစ်ပါတယ်။

Source: KNG

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T