စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမေးမြန်ရာမှ ကျဆုံးသွားတဲ့ ဒုတပ်စုမှူး မောင်သီအိုဒေါရို ရဲ့ ဈာပနာကို လိုက်ပို့ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ပုံရိပ်များ

//s9.kh1.co/0c/0c8eb0721e6ca6b106e2d54cc7758bf1666d4e07.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

တပ်သားတွေအတွက် ရိက္ခာထွက်ရှာနေတုန်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာကို ခံခဲ့ရတာတဲ့

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၄) ရက်နေ့က ကယား (ကရင်နီပြည်နယ်) ဒီးမောဆို့မြို့နယ် အနောက်ဘက်အခြမ်းမှာရှိတဲ့ ဒေါငံခါးကျေးရွာ ကို စစ်ကောင်စီတပ်ဖွဲ့က ထိုးစစ်ဆင်လာချိန်မှာ တပ်သားတွေအတွက် ရိက္ခာထွက်ရှာနေရတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ် (၁) ဒီမောဆို တပ်ရင်းမှ သူရဲကောင်းတစ်ဦး ကျဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit : Karenni Nationalities Defense Force-KNDF-BO1 Dee Maw Soe Zone

ကျဆုံးသွားတဲ့ သူရဲကောင်းလေးကတော့ အသက် (၂၀) သာရှိသေးတဲ့ ဒု တပ်စုမှူး မောင်သီအိုဒေါရိုပဲ ဖြစ်ပါတယ်။ ရဲဘော် ဒေါရိုက ကုန်းသာကျေးရွာမှာ တပ်သားတွေအတွက် ရိက္ခာထွက်ရှာနေတုန်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဖမ်းဆီးမိခဲ့ရာမှ အမျိုးမျိုးနှိပ်စက် စစ်ဆေးမေးမြန်းခံခဲ့ရတဲ့အတွက် ၂၀၂၁ခုနစ် စက်တင်ဘာလ ၂၆ ရက်နေ့ KNDF ဒုတပ်စုမှူးမှာ ပြည်သူ့အတွက် အသက်ပေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၂၇) ရက်နေ့မှာ ရဲဘော်တွေက ဒုတပ်စုမှူး မောင်သီအိုဒေါရိုရဲ့  ရုပ်အလောင်းကို ဝမ်းနည်းစွာနဲ့ ပို့ဆောင်ခဲ့ကြပါတယ်။ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးပြီး အလေးပြုနှုတ်ဆက်ကာ စျာပနပွဲအခမ်းအနား ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit : Karenni Nationalities Defense Force-KNDF-BO1 Dee Maw Soe Zone
Photo Credit : Karenni Nationalities Defense Force-KNDF-BO1 Dee Maw Soe Zone

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ် (၁) ဒီမောဆို တပ်ရင်းမှ ကျဆုံးသွားတဲ့ ဒုတပ်စုမှူး မောင်သီအိုဒေါရိုရဲ့ စျာပနပွဲအခမ်းအနားက ဝမ်းနည်းဖွယ်ကောင်းတဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T