အဆိုးရွားဆုံး စံချိန်တင်ရေကြီးမှုများ ဖြစ်ပေါ်လာလို့ ပိတ်မိနေတဲ့ ပြည်သူတွေနဲ့ တိရိစ္ဆာန်တွေကို အရေးပေါ်ကယ်ထုတ်ပေးနေရတဲ့ ထိုင်းနိုင်ငံက လက်ရှိအခြေအနေ

//s9.kh1.co/fb/fbe7d8f052e0038d9e30ac30a37750c3badbb79d.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံမှာ စက်တင်ဘာ (၂၃) စတင်ပြီး တိန့်မူအမည်ရှိ မုန်တိုင်းဝင်ရောက်ခဲ့ တာကြောင့် ခရိုင်ပေါင်း (၁၄) ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့ပြီး အိမ်ခြေပေါင်း (၁၄၀၀၀) နီးပါး ရေဘေးသင့်ခဲ့တယ်လို့ ထိုင်းနိုင်ငံသဘာဝဘေးအန္တရယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ရေကြီးမှုကြောင့် တောင်ပြိုလမ်းပိတ်၊ တံတားကျိုး၊ လမ်းမကြီးရော လမ်းသွယ်တွေပါ ပိတ်ဆို့ကာ လူနေအိမ်တွေ၊ ကားနဲ့ဆိုင်ကယ်တွေ၊ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။

Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD

ထိုင်းနိုင်ငံရဲ့ ရေကြီးမှုဟာ အဆိုးရွားဆုံး စံချိန်တင်ရေကြီးမှုများ ဖြစ်ပေါ်နေပြီး ရေလွှမ်းနေတဲ့ ကျေးရွာတွေက ရွာသားများနဲ့ တိရိစ္ဆာန်များကို အရေးပေါ်ကယ်ဆယ်ပြီး ဘေးလွတ်ရာသို့ ကယ်ထုတ်နေရပါတယ်။ အစိုးရကတော့ ယခုရက်အတွင်း မိုးဆက်လက်ရွာသွန်းနေမှုကြောင့် ကျောက်ဖုရားဆည်မှ ရေများဆက်လက်ထုတ်လွှတ်မှာဖြစ်လို့ ရေထပ်တိုးလာနိုင်တယ်လို့ သတိပေးထားတဲ့အပြင် အဓိရေလွှမ်းမိုးနိုင်တဲ့ ဒေသက ပြည်သူများနှင့် တရိစ္ဆာန်များကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD
Photo Credit - THE STANDARD

လက်ရှိမှာ အဓိကရေလွှမ်းမိုးတဲ့ ဒေသတွေကတော့ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်း၊ တာ့ခ်၊ ဆုခိုထိုင်း၊ ဖိကျစ်၊ ခွန်ကဲန်၊ ချိုင်းယဖွန်း၊ နခွန်းရာ့ချ်ဆီမား၊ ဥဘွန်းရာ့ချ်ဌာနီ၊ နခွန်းဆဝမ်၊ ချိုင်းယားနတ်၊ ဆင်းဘူးရီး၊ အယုဒ္ဓယ ခရိုင်တို့ဖြစ်ကြပြီး အဲဒီထဲက မြို့နယ်ပေါင်း (၅၅) မြို့နယ်၊ (၁၇၈) အုပ်စု၊ (၈၃၉) ရပ်ကွက်၊ကျေးရွာ၊ မြူနီစီပါယ်ဧရိယာ (၁)ခု နဲ့ အိမ်ခြေပေါင်း (၁၃၉၃၀ )အိမ် ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်Source - THE STANDARD

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T