ရုရှားနိုင်ငံမှာ ဗုဒ္ဓဘာသာအငွေ့အသက်တွေလွှမ်းခြုံစေပြီး အခမ်းနားဆုံးဖူးမြော်နိုင်ဖို့အတွက် ထပ်မံကြွချီလာတဲ့ကြည်ညိုဖွယ်ရာဗုဒ္ဓဆင်းတုတော်များ

//s9.kh1.co/da/da2647de520f4cccb421b27173eedaa22bcd05f2.jpeg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရုရှားနိုင်ငံမှာ ဗုဒ္ဓဘာသာအငွေ့အသက်တွေလွှမ်းခြုံစေပြီး အခမ်းနားဆုံးဖူးမြော်နိုင်ဖို့အတွက် ထပ်မံကြွချီလာတဲ့ကြည်ညိုဖွယ်ရာဗုဒ္ဓဆင်းတုတော်များ

မြန်မာနိုင်ငံတွင်းမှာသာမကဘဲ နိုင်ငံရပ်ခြားအသီးသီးမှာပါ သီတင်းသုံးနေထိုင်နေကြတဲ့ ရဟန်း၊သံဃာတော်တွေကတော့ ဗုဒ္ဓသာသနာကိုပြန့်ပွါးအောင် ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။ရုရှားနိုင်ငံ၊မော်စကိုမြို့မှာဆိုရင်လည်းမြန်မာထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက်ရှိပြီး မြန်မာလူမျိုးတွေနဲ့ နိုင်ငံခြားသားတချို့က ကိုးကွယ်ကြပါတယ်။ဒါ့အပြင် လတ်တလောမှာတော့ ရုရှားနိုင်ငံမှာ နိုင်ငံတကာယဉ်ကျေးမှုမြို့တော်ဆောက်လုပ်နေတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့ကြောင့် နိုင်ငံတကာယဉ်ကျေးမှုမြို့တော်မှာ မြန်မာတွေရဲ့အထွတ်အမြတ်ထားရာဖြစ်တဲ့ ရွှေစည်းခုံစေတီတော်အပြင် ရုပ်ပွါးဆင်းတုတော်အများအပြားနဲ့ ပန်းဆယ်မျိုးအနုပညာလက်ရာများကို ထည့်သွင်းဖော်ပြမှာပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာတို့ရဲ့ပုံရိပ်တွေကို နိုင်ငံရပ်ခြားမှာ အခမ်းနားဆုံးတွေ့မြင်ရတော့မှာဖြစ်ပါတယ်။ရုရှားနိုင်ငံမှာသီတင်းသုံးနေကြတဲ့ ရဟန်း၊သံဃာတော်တွေကလည်း ဒီအစီအစဉ်အတွက် တတပ်တအားဝိုင်းဝန်းကူညီနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မနေ့ကဆိုရင်လည်း ရုရှား၊မော်စကို စံတော်ချိန် ညနေ (၃:၁၅)မှာ ပုဂံခေတ်ဟန် ထိုင်တော်မူရုပ်ပွါးတော်၊ရပ်တော်မူရုပ်ပွါးတော် နဲ့ ပျူခေတ်ဟန် စင်္ကြန်လျှောက်ရုပ်ပွါးတော်တို့ ထပ်မံကြွချီလာတာပဲဖြစ်ပါတယ်။အဆိုပါ ဗုဒ္ဓရုပ်ပွါးတော်တွေကတော့ ရုရှားနိုင်ငံ၊အတာနာမီ ယဉ်ကျေးမှုမြို့တော်တွင် ပူဇော်ထားရှိထားတာဖြစ်ပါတယ်။အခုလိုမျိုးတိုင်းတစ်ပါးရပ်ခြားမှာ ကိုယ်နိုင်ငံကိုရောက်ရှိနေသလိုခံစားနေရဖို့အတွက် ဗုဒ္ဓသာသနာထွန်းကားအောင်ဆောင်ရွက်နေကြတဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T