ရန်သူရဲ့အရှင်ဖမ်းဆီးပြီး သတ်ဖြတ်မြေမြုပ်ခြင်းခံလိုက်ရတဲ့ ဒုတပ်စုမှူးရဲ့အလောင်းကိုပြန်လည်ရှာဖွေပြီး သဂြိုလ်ပေးခဲ့ကြတဲ့ KNDFရဲဘော်များ

//s9.kh1.co/a6/a672009841bda88e7a0bb821f2547857af577d60.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် စက်တင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီတပ်များနှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ - KNDF တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ၎င်းတိုက်ပွဲတွင် အသက် ၂၀ အရွယ်ရှိ KNDF တပ်ရင်း (၁) မှ ဒုတပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော သီအိုဒေါရို အားရန်သူဘက်က အရှင်ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်ကာ မြေမြှုပ်ခဲ့တာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး သီအိုဒေါရို၏ခန္ဓာကိုယ်ကို KNDF ရဲဘော်ရဲဘက်တွေက ပြန်လည်တူးဖော်ပြီး ကောင်းမွန်စွာသဂြိုလ်ပေးခဲ့ကြတာဖြစ်ပါတယ် ။ ဒီမောဆို့ဘက်မှာ တိုက်ပွဲတွေဟာ နေ့နဲ့အမျှပြင်းထန်နေပြီး ရန်သူဘက်ကလည်း အထိအခိုက်များနေသလို ပြည်သူတွေရဲ့ နေအိမ်စည်းစိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေတာဖြစ်ပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader

ရဲဘော်ရဲဘက်တွေ ကျဆုံးသွားတဲ့အခြေအနေမှာတောင် ပစ်မထားပဲ မရရအောင်ပြန်လည်ရှာဖွေပြီး ကောင်းမွန်စွာသဂြိုလ်ပေးကြတဲ့ KNDF ရဲဘော်တွေရဲ့ စိတ်ဓာတ်ကတော့ အင်မတန်လေးစားဂုဏ်ယူစရာပါ။ ပြည်သူတွေအနေနဲ့လည်း ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ ဝိုင်း၀န်းကူညီပေးဖို့လိုကြသလို စစ်ဘေးကြုံလာရင်လည်း ရှောင်တိမ်းနေအောင် ပြင်ဆင်ထားကြဖို့ အရေးကြီးပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T