အလုပ်လုပ်ဖို့အတွက် နယ်စပ်ဒေသတွေကို ခြေလျင်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတွင်းခိုးဝင်ရာမှာ ဖမ်းဆီးခံရတဲ့မြန်မာလုပ်သားတွေရဲ့ဗီဒီယို

//s9.kh1.co/b1/b1113d9aa32c225b656d68bfca1d4e7e9c29f310.jpeg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အလုပ်လုပ်ဖို့အတွက် နယ်စပ်ဒေသတွေကို ခြေလျင်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတွင်းခိုးဝင်ရာမှာ ဖမ်းဆီးခံရတဲ့မြန်မာလုပ်သားတွေရဲ့ဗီဒီယို

ထိုင်းနိုင်ငံမှာ ယနေ့အချိန်ထိတိုင် တရားမဝင်ခိုးဝင်နေကြတဲ့ မြန်မာလုပ်သားတွေကို နယ်ခြားစောင့်ထိုင်းတပ်သားတွေက ဖမ်းဆီးနေကြတာဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုဝင်လို့ရမယ့် နယ်စပ်တွေမှာဆိုရင်လည်း လှည့်ကင်းတွေထားရှိထားပြီး နေ့ရောညပါစောင့်ကြပ်နေတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့တစ်ရက်ကဆိုရင်လည်း ကန်ကျနဘူရီခရိုင်နယ်စပ်တောလမ်း တစ်နေရာတွင် တရားမဝင်ခိုးဝင်လာတဲ့ မြန်မာ (၉)ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီမြန်မာလုပ်သားတွေက ပါထုန်ဌာနီခရိုင်၊စမုဆာခွန်ခရိုင် စတဲ့နေရာတွေမှာ အလုပ်သွားလုပ်ကြဖို့အတွက် လာခဲ့တယ်လို့သိရပါတယ်။တရားမဝင်ခိုးဝင်တဲ့အခါ သူတို့လိုရာခရီးကိုရောက်လျှင် ကုန်ကျစရိတ် ဘတ် (၂၆၀၀၀) ကိုပွဲစားများဆီပေးရသေးတာဖြစ်ပါတယ်။အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေက နယ်စပ်ကိုခြေလျင်ဖြတ်ကျော်ခဲ့ကြပြီး နီးစပ်ရာကျေးရွာတွေမှာ ညအိပ်ခဲ့ကြကာ ထိုင်းနိုင်ငံတွင်းကိုဝင်ဖို့ လေးရက်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နယ်ခြားစောင့်ထိုင်းတပ်သားတွေကလည်း စနေနေ့မှာ မြန်မာနိုင်ငံသား (၁၁)ဦးကို ထပ်မံဖမ်းဆီးမိခဲ့ပြီး Muang ခရိုင်၊Ban Kao ရှိနယ်စပ်ဒေသကို စစ်ဆေးနေချိန် နယ်စပ်အနီးနားက တောအုပ်ထဲတွင် ပုန်းအောင်းနေတဲ့အမျိုးသမီး (၂)ဦးကိုလည်း တွေ့ခဲ့သေးတာဖြစ်ပါတယ်။တာဝန်ရှိသူများက အမျိုးသမီးများကို ကျန်းမာရေးမစစ်ဆေးခင်မှာ အစာနှင့်သောက်ရေများ​ပေးခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ကျန်းမာရေးအခြေအနေကလည်း ပုံမှန်ပဲဖြစ်တာကြောင့် မြန်မာပြည်ပြန်မပို့ခင်မှာ ရဲများကထိန်းသိမ်းထားကြောင်းကို ပြန်လည်ရေးသားမျှဝေလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Video Credit:Bangkok Post’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T