လေးဘက်လေးတန် ဝိုင်းဝန်းပိတ်ဆို့ခံရပြီး မီးရှို့ခံနေရတဲ့ မုံရွေးနှင့်ကြေးမုံကျေးရွာ

//s9.kh1.co/3f/3f6d2b76f5043af62f6acad99f5455c49d0d4c7d.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေဘေးကင်းကြပါစေလို့ပဲဆုတောင်းရုံမှအပ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ မုံရွေးကျေးရွာနှင့် ကြေးမုံကျေးရွာ (၂ )ခုစလုံးဟာ အာဏာ စတင်ထိန်းချုပ်ခံရတည်းက တက်ကြွစွာ နေ့စဉ်အဆက်မပြတ် လုပ်ဆောင်နေသော ကျေးရွာများဖြစ်ပါတယ်။ထို့ကြောင့် စစ်ကောင်စီ က ယနေ့ စက်တင်ဘာ(၂၇)ရက်နေ့ ၊ နံနက် ၅ နာရီ ၃၀ မိနစ်မှာ ဝိုင်းဝန်းပိတ်ဆို့ပြီး ပြည်သူများကို ပစ်ခတ်ခြင်း၊ ကျေးရွာရှိ ပြည်သူများရဲ့ နေအိမ်များကို မီးတင်ရှို့ရန် လုပ်ဆောင်နေကာ ကျေးရွာသူ ကျေးရွာသားများ ပိတ်မိနေကြောင်း ဒေသခံများက ပြောဆိုခဲ့ကြပါတယ်။

Photo Credit From Myanmar Now
Photo Credit From Myanmar Now
Photo Credit From Myanmar Now
Photo Credit From Myanmar Now

"မုံရွေး ကြေးမုံနှစ်ရွာစလုံးကို လေးဘက် လေးတန်က ဝိုင်းခံထားရပါတယ်။ ဒီမနက် ၅ နာရီ ၃၀ မိနစ် ကတည်းက အပစ်ခံရပါတယ်။ ပြည်သူတွေ ထိခိုက် ကျဆုံးမှု ရှိပါတယ်။ ဖမ်းဆီးခံရတာလည်း ရှိပါတယ်" ဟု ဒေသခံတစ်ဦးကပြောဆိုခဲ့ပါတယ်။

လတ်တလော ပြည်သူတစ်ဦး၏ အလောင်းကို ကျေးရွာလမ်းပေါ်တွင် ရှိနေပြီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ယင်းအလောင်းကို စစ်ကားဖြင့် ကျိတ်သွားကြောင်း အခြားကျေးရွာဒေသခံတစ်ဦးက ပြောသည်။

Photo Credit From Myanmar Now
Photo Credit From Myanmar Now
Photo Credit From Kyaw Thu Ya
Photo Credit From Kyaw Thu Ya

မုံရွေးကြေးမုံ သပိတ်ကော်မတီက ကျေးရွာ ၂ ခုစလုံး ပိတ်ဆို့ အဝိုင်းခံနေရသည့်အတွက် ဘေးပတ် ဝန်းကျင်မှ ရွာများ ဝိုင်းဝန်းထကြွပေးရန် တောင်းဆိုထားသည်။ "တစ်ယောက်သေတာတော့ အတည်ပြုပါတယ်။ နီးစပ်ရာအဖွဲ့အစည်းတွေကိုလည်းကြွပေးဖို့တောင်းဆိုပါတယ်။ အကူအညီတောင်းခံပါတယ် ခင်ဗျာ။ ရွာကို မီးလည်းရှို့နေပါတယ်" ဟုဒေသခံတစ်ဦးက ဆိုလာပါတယ်။ပြည်သူအားလုံးဘေးကင်းကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကိုဖော်ပြလိုက်ရပါတယ်။

Photo Credit From Kyaw Thu Ya
Photo Credit From Kyaw Thu Ya
Photo Credit From Kyaw Thu Ya
Photo Credit From Kyaw Thu Ya
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T