မီးရှို့ဖျက်စီးခံရတဲ့အထဲမှာ မိခင်ဖြစ်သူ ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းကာ ဆောက်ထားရတဲ့ အိမ်လေးပါသွားခဲ့လို့ စိတ်မကောင်းဖြစ်ပြီး ရင်ဖွင့်လာခဲ့တဲ့ လူငယ်တစ်ဦး

//s9.kh1.co/97/977726ec904049db582031497925a5cc4dd65162.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့က ကရင်နီတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြတဲ့ ကျေးရွာတွေမှာ မြို့ခံပြည်သူ့ကာကွယ်တပ်တွေနဲ့ လက်နက်ကိုင်လူတစ်စု တပ်တွေအကြား လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသလို တစ်မြို့လုံးနီးပါးလည်း နေအိမ်၊ဆိုင်ခန်းများ မီးလောင်ပြိုကျပျက်စီးနေတာ တွေ့ရပါတယ်။

Photo Credit - Sai Kyaw Thura
Photo Credit - Sai Kyaw Thura
Photo Credit - Sai Kyaw Thura
Photo Credit - Sai Kyaw Thura

လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်ဟာ ပြည်သူတွေမရှိတော့တာကြောင့် တိတ်ဆိတ်နေတဲ့ မြို့ပျက်ကြီးသဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။ လက်နက်ကြီး ၊ လက်နက်ငယ်တွေထိမှန်ပြီး မီးလောင်ပျက်စီးနေတဲ့ နေအိမ်များကလည်း နိုက်ပွဲတွေကြားမှာ တစ်နေ့ထပ်တစ်နေ့ ပိုမိုများလာခဲ့ပါတယ်။ ယခုမှာလည်း ဒီးမော့ဆိုမြို့နယ်က လူငယ်တစ်ဦးရဲ့ လူမှုကွန်ယက်မှာ စိတ်မကောင်းစရာ မြင်ကွင်းတချို့နဲ့ ရင်ဖွင့်လာခဲ့တာ တွေ့ရပါတယ်။

Photo Credit - Sai Kyaw Thura
Photo Credit - Sai Kyaw Thura
Photo Credit - Sai Kyaw Thura
Photo Credit - Sai Kyaw Thura

ဒါကတော့ ချွေးနှဲစာလေးတွေ စုဆောင်းပြီး မိခင်က ခက်ခက်ခဲခဲ ဆောက်ခဲ့ရတဲ့ နေအိမ်ဟာ မီးရှို့ဖျက်စီးခံခဲ့ရတဲ့ အထဲမှာပါသွားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ နေအိမ်ကတော့ မီးလောင်ကျွမ်းခဲ့တာကြောင့် တစ်အိမ်လုံး ရစရာမရှိအောင် ပြိုကျပျက်စီးသွားခဲ့တာ တွေ့ရပါတယ်။ ဒီမြင်ကွင်းတွေကတော့ ပြည်သူတွေကြားမှာလည်း များစွာ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ အဆိုပါလူငယ်တစ်ဦးရဲ့ ရင်ဖွင့်ရေးသားထားတာကိုလည်း ပြန်လည်ဖတ်ရှုလို့ရအောင် အောက်မှာဖော်ပြပေးထားပါတယ်။

https://s9.kh1.co/__image/w=600,h=578,q=100/d5/d5e50cd1d14b2bed4d6c5ffa79b7b9eb03c20acc.jpg

သတင်း အရင်းအမြစ်Source - Sai Kyaw Thura

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T