ကိုဗစ်တတိယလှိုင်းမှာ ပုလဲအရန်မီးသတ်တပ်ဖွဲ့က အောက်ဆီဂျင်ကူညီပေးလို့ အသက်ရှင်ခဲ့ပြီး ကလေးလေးကိုပါမွေးဖွားလိုက်နိုင်တဲ့ မိခင်တစ်ဦး

//s9.kh1.co/48/48489620bfaa9fce94303c8eef342657516e1ec0.jpeg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်တတိယလှိုင်းမှာ ပုလဲအရန်မီးသတ်တပ်ဖွဲ့က အောက်ဆီဂျင်ကူညီပေးလို့ အသက်ရှင်ခဲ့ပြီး ကလေးလေးကိုပါမွေးဖွားလိုက်နိုင်တဲ့ မိခင်တစ်ဦး

ပုလဲအရန်မီးသတ်တပ်ဖွဲ့ကတော့ ကိုဗစ်ပထမလှိုင်းကတည်းက တတိယလှိုင်းအထိ ပြည်သူတွေအတွက်ဆို အဆင်သင့်ရှိနေကြတာပဲဖြစ်ပါတယ်။မီးသတ်တပ်ဖွဲ့ဝင်တွေအကုန်လုံးက ကူညီချင်စိတ်အပြည့်ရှိကြပြီး သူတို့ဆီမှာအကူအညီတောင်းခံလာသူတိုင်းကို မငြင်းပယ်ဘဲ နေရာဒေသမရွေးသွားရောက်ကူညီပေးတာဖြစ်ပါတယ်။ကိုဗစ်တတိယလှိုင်းမှာလည်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ရောဂါကူးမှာကိုတောင်မကြောက်ဘဲ အနစ်နာခံဆောင်ရွက်ခဲ့ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုယ်ဝန်ဆောင်တစ်ဦးဆိုရင် ကိုဗစ်တတိယလှိုင်းမှာ ရောဂါပိုးကူးစက်ခံလိုက်ရပြီး အောက်ဆီဂျင်အရမ်းကျနေတာကြောင့် ဘယ်ဆေးရုံမှလက်မခံတာဖြစ်ပါတယ်။ပုလဲအရန်မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခံလာခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်အတွက် လိုအပ်မယ့် အောင်ဆီဂျင်ကို ရှာဖွေပြီးကူညီပေးခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့်ကိုယ်ဝန်ဆောင်မိခင်လည်း အသက်မဆုံးရှုံးခဲ့ရဘဲ ကျန်းမာစွာနေထိုင်နိုင်တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Original Uploder
Photo Credit:Original Uploder

ဒီနေ့မှာဆိုရင်တော့ အဲ့ဒီကိုယ်ဝန်ဆောင်မိခင်လည်း ကလေးလေးကို ကျန်းကျန်းမာမာနဲ့မွေးဖွားလိုက်နိုင်ပြီပဲဖြစ်ပါတယ်။ရောဂါကို အလူးအလဲခံစားခဲ့ရတဲ့ အမျိုးသမီးလည်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ရဲ့ကျေးဇူးကြောင့်သာကျန်းမာလာခဲ့တာဖြစ်ပါတယ်။အမျိုးသမီးရဲ့မိသားစုဝင်ကလည်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ဘူးဆိုပြီး ပြောကြားထားတဲ့စာလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit: Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T