ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတနေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာလာတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ Manny Pacquiao

//s9.kh1.co/9f/9fce008e312311c6ad728c99bbe3b0fe77c2d092.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ တစ်ယောက်လည်းဖြစ်သလို ဖိလစ်ပိုင်နိုင်ငံ ဆီးနိတ်လွှတ်တော်အမတ်လည်းဖြစ်တဲ့ Manny Pacquiao က ၂၀၂၂ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာသမ္မတနေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ (၁၉) ရက်နေ့က ၎င်းရဲ့ လူမှုကွန်ယက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ သမ္မတနေရာ ဝင်ရောက်ယှဥ်မည့် အသက် (၄၂ )နှစ်အရွယ် Manny Pacquiao ဟာ လွှတ်တော်အမတ် Aquilino Pimentel ဦးဆောင်တဲ့ PDP-Laban faction ပါတီမှာ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းများ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao

Manny Pacquiao ရဲ့ ကြေညာချက်တွေမှာ “ခေါင်းဆောင်မှုပိုင်း စိန်ခေါ်မှုမြှင့်တင်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့ပြီး သမ္မတလောင်းနှင့် ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် Christopher Go နှင့် ဖိလစ်ပိုင် သမ္မတ Rodrigo Duterte တို့ကို ထောက်ခံထားတဲ့ PDP-Laban အုပ်စုအား စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao

၂၀၂၂ ခုနှစ် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများဟာ မိမိတို့ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလက်မှတ်များကို အောက်တိုဘာလမှာ တရားဝင်တင်သွင်းရမှာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ ရွေးကောက်ပွဲကိုတော့ ၂၀၂၂ ခုနှစ် မေ (၉) ရက်နေ့မှာ ကျင်းပမည်ဖြစ်ကြောင်း Xinhua သတင်းများရဲ့ ဖော်ပြချက်များအရ သိရပါတယ်။

Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao
Photo Credit - Manny Pacquiao

သတင်း အရင်းအမြစ်Source -Xinhua

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T