ဒီအမျိုးသားကတော့ အသက် ၂၅ နှစ်အရွယ် Kirill Tereshin ဖြစ်ပြီး သူရဲ့လက်မောင်းတွေဟာ အဆမတန်ကြီးထွားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
Kirill ဟာ superman တစ်ယောက်လိုပုံစံကို ပြသချင်တာကြောင့် သူ့ရဲ့လက်မောင်းကို ထိုးဆေးတွေများစွာထိုးသွင်းခဲ့တာပဲ ဖြစ်ပါတယ်။
ဒီထိုးဆေးတွေကြောင့်ပဲ သူ့ရဲ့လက်မောင်းဟာ ပုံမှန်မဟုတ်တဲ့ပုံစံနဲ့ အဆမတန်ကြီးထွားလာခဲ့ပြီး ကာတွန်းဇာတ်ကောင် Popeye နဲ့တောင် တူလာခဲ့ပါပြီ။
ဒါ့အပြင် ဒါဟာအခုဆိုရင် သူ့အတွက်ဆိုးကျိုးတစ်ခုဖြစ်လာခဲ့ပြီး ခွဲစိတ်မှုမပြုလုပ်ပါက သူ့အတွက်အန္တရယ်ရှိတဲ့ အခြေအနေတစ်ခုကို ရောက်နေခဲ့ပါပြီ။
ဒီထိုးဆေးတွေကြောင့်ပဲ Kirill ရဲ့လက်မောင်းကြွက်သားတွေဟာ ပျက်ဆီးလာပြီဖြစ်ပြီး အခြားသောခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို ထိခိုက်နေပါပြီ။
အကယ်၍ သူ့ရဲ့လက်မောင်းကြွက်သားထဲက jelly တွေကိုမထုတ်ပစ်ဘူးဆိုပါကလည်း အချိန်ကြယလာတာနဲ့အမျှသူ့ရဲ့အသက်ကိုပါသေဆုံးလာစေနိုင်ပါတယ်လို့သိရပါတယ်။
အခုဆိုရင်တော့ Kirill ဟာသူ့ရဲ့ပထမဆုံးခွဲစိတ်မှုကို ပြုလုပ်နေပြီ ဖြစ်ပြီး ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုတော့ သေချာမပြောနိုင်သေးပါဘူး။
သတင်း အရင်းအမြစ်៖ DailyStar