ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူတွေမှာ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ခံစားခဲ့ရတာကြောင့် လူငယ်တော်တော်များများဟာ ကျရာဝန်ထမ်းကာ လက်နက်ကိုင်တော်လှန်နေကြရတာ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ တောင်ပေါ်ဒေသတော်တော်များများမှာ နေရာအနှံ့အပြား တိုက်ပွဲတွေပြင်းထန်လာပြီး အသက် ပေးသွားကြရတဲ့ သူရဲကောင်းတွေလည်း ဒူးနဲ့ဒေးပါပဲ။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၆) ရက်နေ့ကလည်း စကစတပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး KNU/KNLA အမှတ် (၁၀၂) တပ်ရင်းမှ သူရဲကောင်းစစ်ဗိုလ်တစ်ဦး ကျဆုံးသွားခဲ့ရပါတယ်။ အာဇာနည် သူရဲကောင်း ဗိုလ်စောကျော်ရိန်းဟာ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ပြည်သူတွေအားလုံးအတွက် တာဝန်ကျေပွန်စွာ အသက်ပေးကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အာဇာနည် သူရဲကောင်း ဗိုလ်စောကျော်ရိန်းရဲ့ နောက်ဆုံးဈာပနခရီးကိုလည်း မိသားစုတွေနဲ့အတူ ရဲဘော်တွေကလည်း လိုက်ပါပို့ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေကြသလို အသက်ဆုံးရှုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် ပြည်သူတွေမှာဖြေမဆည်နိုင်အောင် ဝမ်းနည်းနေကြရတာလည်း ဖြစ်ပါတယ်။