မြန်မာနိုင်ငံအတွင်း ကျန်းမာရေးပြဿနာတွေ ဆိုးရွားနေသလို နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ခိုးဆိုးလုယက်မှုတွေအပြင် လူသတ်မှုတွေကိုပါ တော်တော်များများ တွေ့မြင်နေရပါတယ်..။
ကူးစက်ရောဂါတွေကြောင့် အသက်ဆုံးရှုံးမှုများပြားနေတဲ့ကြားက မသမာသူတွေကြောင့်လည်း ပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒီကနေ့မှာလည်း ထီးလင်းမြို့မှာ သားအမိနှစ်ယောက် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်..။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ လောင်းဘို (ချောင်းပေါက်)မှာနေထိုင်နေတဲ့ ထွေအုပ်စာရေး မိသားစုဟာ ဒီကနေ့ မနက် အစောပိုင်းမှာ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်..။
ဒေသခံတွေရဲ့ ပြောပြချက်အရ ထွေအုပ်စာရေး ကိုချမ်းသာကို မျက်နှာဖုံးစွပ် လက်နက်ကိုင်ထားတဲ့ လူတစုက နေအိမ်အထိလာသတ်တာဖြစ်ပြီး ကိုချမ်းသာဟာ သမီးလေးနဲ့အတူ အသက်လု ထွက်ပြေးနိုင်ခဲ့ပေမယ့် သားနဲ့ ဇနီးကတော့ သေဆုံးခဲ့ရတာပါ..။
ကိုချမ်းသာနဲ့ အသက် (၈)နှစ်အရွယ် သမီးလေးက ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် အိမ်မှာကျန်ခဲ့တဲ့ မိန်းမဖြစ်သူ မတင်တင်ဝင်းနဲ့ အသက် (၁၀)နှစ်အရွယ် သားလေးကတော့ အပိုင်းပိုင်း ခုတ်သတ်ခံရပြီး သေတ္တာထဲမှာထည့်ထားခံရတယ်လို့ သိရပါတယ်..။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေကာ ရက်ရက်စက်စက် အသတ်ခံရပြီး သေဆုံးသွားခဲ့တဲ့ သားအမိနှစ်ယောက်အတွက် ပြည်သူတွေကလည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်..။