အာဇာနည်နေ့မှာ ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကိုရည်စူးပြီး သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တဲ့ သားကြီးအောင်ဆန်းဦး

//s9.kh1.co/3a/3a25d9b038e882ee1d762ef5e307230dcbd90687.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦး ကျဆုံးခဲ့ရတဲ့ ဇူလိုင်လ (၁၉ )ရက်နေ့ အာဇာနည်နေ့ကတော့  ဒီကနေ့မှာဆိုရင် (၇၄)နှစ် ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်..။

အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ နှစ်တွေမှာ တက်ရောက်ခဲ့ပေမယ့် ယခု(၂၀၂၁)ခုနှစ်မှာတော့ မတက်ရောက်နိုင်ခဲ့ပါဘူး..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအားလုံး နှစ်စဉ်နှစ်တိုင်း စည်ကားစွာကျင်းပခဲ့ကြပေမယ့် ဒီကနေ့မှာတော့ ပြည်တွင်းရေးမငြိမ်သက်မှုတွေအပြင် ကပ်ရောဂါဆိုးတွေကြောင့် ခြောက်သွေ့ခဲ့ရပါတယ်..။

ပြည်ပမှာ အခြေချနေထိုင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးကတော့  ဖခင်ဖြစ်သူနဲ့ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်တွေအတွက် ရည်စူးကုသိုလ်တွေ ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်..။

Photo Credit - Leilei Thein's Facebook Acc 
Photo Credit - Leilei Thein's Facebook Acc 
Photo Credit - Leilei Thein's Facebook Acc 
Photo Credit - Leilei Thein's Facebook Acc 

ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဦးအောင်ဆန်းဦးနဲ့ ဒေါ်လဲ့လဲ့သိန်းတို့က San Diego, California နေအိမ်မှာ သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့တဲ့အကြောင်းကိုတော့ ဒေါ်လဲ့လဲ့သိန်းက သူမရဲ့လူမှုကွန်ယက်မှာ မျှဝေထားတာ ဖြစ်ပါတယ်..။

Photo Credit - Leilei Thein's Facebook Acc 
Photo Credit - Leilei Thein's Facebook Acc 
Photo Credit - Leilei Thein's Facebook Acc 
Photo Credit - Leilei Thein's Facebook Acc 

သတင်း အရင်းအမြစ်Leilei Thein's Facebook Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T