ဆိုင်ကယ်ဟွန်းတွေတီးပြီး ပြတ်သားတဲ့ခံယူချက်တွေကို လက်သီးလက်မောင်းတန်းကာ ဟစ်ကြွေးခဲ့ကြတဲ့ မန္တလေးက သတ္တိခဲတွေရဲ့ ဗီဒီယို

//s9.kh1.co/64/641ece3e4568972bc46911aae378cbd03ac35cc7.png
နေ့စဉ်သတင်းများ

 ၁၃-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

အမြို့မြို့အနယ်နယ်မှာ အာဏာရှင်တော်လှန်ဆန့်ကျင်ရေးတွေလုပ်နေခဲ့ပြီး သပိတ်စစ်ကြောင်း တွေလည်း နေ့တိုင်းထွက်ပြီးချီတက်ခဲ့ကြပါတယ်။ ဒီနေ့မှာလည်း မန္တလေးကပြည်သူတွေဟာ ဆိုင်ကယ်ဟွန်းတွေ အဆက်မပြတ်တီးပြီး ရင်တွင်းစကားတွေကို သံပြိုင်ဟစ်ကြွေးခဲ့ကြပါတယ်။ အဖမ်းအဆီး အပစ်အခတ်တွေများနေတဲ့ဒီလိုကာမှာတောင် လမ်းပေါ်ထွက်ပြီး ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ခဲ့ကြသူတွေရဲ့သတ္တိကတော့ လေးစားလောက်စရာပါပဲ။ ဒီမိုကရေစီလိုလားသူပြည်သူအားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ တူညီနေပြီဖြစ်တာကြောင့် အာဏာရှင်ဖြုတ်ချရေးစနစ်ကို အကောင်ထည် ဖော်နေကြပါပြီ။

Photo Credit - Spring Diary's FB Acc
Photo Credit - Spring Diary's FB Acc

ရင်းနှီးပေးဆပ်လိုက်ရတဲ့ အပြစ်မဲ့သူပေါင်းများစွာရဲ့အသက်တွေ အလကားမဖြစ်စေဖို့ ပြည်သူတွေဟာ အာဏာရှင်ဖြုတ်ချနိုင်ရေးကို အစွမ်းကုန်ကြိုးစားနေခဲ့ကြပါတယ်။ အသက်ငယ်ပေမယ့် ရပ်တည်ချက် ခိုင်မာတဲ့လူငယ်တွေဟာလည်း ပျော်ပျော်ပါးပါး နေရမယ့်အစား တောထဲဝင်ပြီးစစ်သင်တန်းတက် လက်နှက်ကိုင်ကာ ရတဲ့နည်းနဲ့ တော်လှန်နေကြပါတယ်။ ကိုယ်တိုင်သင်လာတဲ့ စစ်ပညာတွေကို ဆင့်ပွားသင်တန်းပေးပြီး လက်ဆင့်ကမ်းပညာတွေနဲ့ ပြည်သူတစ်ရပ်လုံးကို ကာကွယ်ဖို့ လုပ်နေခဲ့ကြပါတယ်။

Photo Credit - Spring Diary's FB Acc
Photo Credit - Spring Diary's FB Acc

တောထဲဝင်ပြီးလက်နှက်ကိုင်တဲ့လူငယ်တွေကိုလည်း မြို့ပေါ်ကပြည်သူတွေက အဆက်မပြတ် အားပေးနေကြပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်မျှော်လင့်ချက်ကောင်း ဖြစ်လာမှာပါ။ ဆန္ဒပြဟစ်ကြွေးသူကဟစ်ကြွေး၊ တောထဲဝင်ပြီး စစ်သင်တန်း သင်သူကသင်၊ ပရဟိတအလုပ်တွေ လုပ်သူကလုပ်နဲ့ ပြည်သူတစ်ရပ်လုံးဟာ ကျရာကဏ္ဍကနေ တာဝန်ကျေလွန်းနေခဲ့ပါတယ်။ ဒီနေ့မှာလည်း တာဝန်ကျေတဲ့ မန္တလေးသားတွေရဲ့ သံပြိုင်ဟစ်ကြွေးကြတဲ့ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Spring Diary's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T