ခင်ပွန်းဖြစ်သူကို သတ်ရုံတင်မကပဲ ခန္ဓာကိုယ်အစိတ်အပိုင်းကိုပါ ဖြတ်တောက်ခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/1a/1a319b5172868455edefa8b71d0b78b081d4ce4f.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

Dayane Cristina Rodrigues Machado လို့ခေါ်တဲ့ ဘရာဇီးနိုင်ငံက အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

Machado အဖမ်းခံခဲ့ရတဲ့အကြောင်းရင်းကတော့ သူမရဲ့ခင်ပွန်းဖြစ်သူကို သတ်ခဲ့တာကြောင့် ဖြစ်ပြီး သူမရဲ့ သွေးအေးအေးနဲ့လုပ်ခဲ့ပုံက နည်းနည်းတော့ ထိတ်လန့်စရာပါပဲ။

https://s9.kh1.co/__image/w=650,h=874,q=100/6a/6a7ce5f196cea064451731c6f9833ea20bb01d0b.jpg

Machado ဟာ ခင်ပွန်းဖြစ်သူကို သတ်ရုံတင်မကဘဲ  အမျိုးသားအင်္ဂါကိုပါ ဖြတ်တောက်ပြီး ဆီနဲ့ ဒယ်ဒိုးထဲထည့်ကာ ကြော်ပါကြော်ထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ရဲတွေရောက်လာတဲ့ အချိန်မှာတော့ ခင်ပွန်းဖြစ်သူရဲ့ အလောင်းဟာ အဝတ်အစားကင်းမဲ့နေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေလည်း အစုံအလင် မရှိတော့ဘူးလို့ သိရပါတယ်။

https://s9.kh1.co/__image/w=615,h=409,q=100/aa/aaf5828f7526382bf00f3d3cd35c373f2fe07194.jpg

သေဆုံးသူအမျိုးသားရဲ့ ညီမဖြစ်သူပြောကြားချက်အရတော့ Machado ဟာ သူ့ကိုလိမ်ထားတဲ့ ခင်ပွန်းဖြစ်သူကို လက်စားချေတဲ့အနေနဲ့ သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Machado ရဲ့ရှေ့နေကတော့ သူမဟာ ကိုယ့်ကိုကိုယ်ကာကွယ်ရင်းနဲ့ သတ်မိခဲ့တာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဒီအမှုဟာ လက်ရှိမှာ တရားရင်ဆိုင်ဆဲဖြစ်ပြီး ပြစ်ဒဏ်တော့ မချမှတ်ရသေးပါဘူး။

သူမတို့ လင်မယားမှာ အသက် ၈ နှစ်အရွယ် သားလေးတစ်ယောက်နဲ့ အသက် ၅ နှစ်အရွယ် သမီးလေးတစ်ယောက်ရှိတယ်လို့ သိရပြီး မိဘတွေရဲ့ ဒီအဖြစ်အပျက်ကို တွေ့ရတာ ကလေးတွေအတွက်တော့ အိမ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။

https://s9.kh1.co/__image/w=650,h=434,q=100/32/3204e599aaa6997ef5844e85309dfdad260cb847.jpg

သတင်း အရင်းအမြစ်The Sun

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T