လက်ရှိဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေမှာဆိုရင် ပြည်သူတွေက အကြောင်းအမျိုးမျိုးကြောင့် အကူအညီလိုအပ်နေသူတွေကို မိမိတို့ခွန်အားရှိသလောက်နဲ့ ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပါတယ်။ပြည်သူတွေမှာလည်း ပြည်သူတွေသာရှိတာဖြစ်လို့ အခြေအနေတစ်ခုခုကြုံတွေ့ခဲ့ရရင် အချင်းချင်းကာကွယ်စောင့်ရှောက်ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အမျိုးသားတစ်ဦးက ပြည်သူတွေအတွက်မီးပြင်ပေးဖို့လုပ်ရင်း အခန့်မသင့်ဘဲ ဓာတ်လိုက်သွားခဲ့ရတာဖြစ်ပါတယ်။
မေလ(၇)ရက်နေ့ ကျောက်ဆည်မြို့မှာ မိုးတွေရွာပြီး မီးပျက်သွားခဲ့လို့ အမျိုးသားတစ်ဦးက မိုးတိတ်သွားချိန်မှာ မီးပြင်ပေးခဲ့တာဖြစ်ပါတယ်။ကံဆိုးစွာနဲ့ပဲ မီးပြင်ရင်း ဓာတ်လိုက်ခံရတာကြောင့် ရင်ဘက်အောက်ပိုင်းတစ်ခုလုံးမီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ အဲ့ဒီအမျိုးသားက ကျောက်ဆည်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး နောက်သုံးရက်လောက်နေရင် ခွဲစိတ်ခန်းဝင်ရမှာဖြစ်ပါတယ်။မီးလောင်သွားတဲ့အမျိုးသားမှာ(၁၂) နှစ်အရွယ်သမီးလေးတစ်ယောက်လည်းရှိတယ်လို့ သိရပါတယ်။
(၁၂)နှစ်အရွယ်သမီးလေးကလည်း သွေးကင်ဆာရောဂါဝေဒနာကို ခံစားနေရတာဖြစ်လို့ ဆေးကုသနေရတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ မီးလောင်သွားတဲ့အမျိုးသားရဲ့ဇနီးသည်က ဆေးရုံပေါ်မှာလှဲနေရတဲ့ခင်ပွန်းကိုအစစအရာရာဂရုစိုက်စောင့်ရှောက်ပေးနေရတာဖြစ်ပါတယ်။ပြည်သူတွေကလည်း အဲ့ဒီအမျိုးသားကို ကူညီချင်တယ်ဆိုရင်တော့ (၀၉၇၉၀၁၈၈၀၆၂)ကို ဆက်သွယ်ပြီး သူရဲ့ဇနီးသည် မလှလှထွေးဆီလှူဒါန်းလို့ရကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder