မေလ ၇ ရက်နေ့ twitter ပေါ်မှာတော့ မုံရွာမြို့က အခြေခံပညာ ကျောင်းသူ ၊ ကျောင်းသားတွေ အဖြူအစိမ်း ဝတ်စုံတွေ ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်တဲ့ သတင်းတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် စစ်ကိုင်းက လူမဲ့သပိတ်ထုတ်ဖော်ထားတဲ့ သတင်းတွေအပြင် မြန်မာတစ်နိုင်ငံလုံးက ဆန္ဒထုတ်ဖော်တဲ့ သတင်းတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ထားဝယ်မှာ ဒီကနေ့ နေ့လည်ပိုင်းလောက်က အင်ဂျင်နီယာတွေ ၊ တက္ကသိုလ်ကျောင်းသားတွေ ပါဝင်တဲ့ သပိတ်စစ်ကြောင်းတစ်ခု ထွက်ရှိဆန္ဒထုတ်ဖော်တဲ့ သတင်းတွေလည်း ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
ဒီသပိတ်စစ်ကြောင်းထဲမှာ ပါဝင်သူတွေဟာ တပ်ဦးအလံကို လွှင့်ထူကာ People Defense Force (PDF) ကိုထောက်ခံတဲ့ စာတန်းကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
နောက်ထပ်အနေနဲ့ကတော့ ဒီကနေ့မနက်က မြင်းခြံမှာ အသက်မပြည့်သေးတဲ့ ကလေးတစ်ဦး သေနတ်ထိမှန်သေဆုံး သွားတဲ့ သတင်းတွေလည်း ပျံ့နေတာကို တွေ့ရပါတယ်။
၄င်း သေဆုံးသွားတဲ့ ကလေးလေးရဲ့ နာမည်ကတော့ မောင်ထက်အောင် (ခ) ဖိုးချစ် ဖြစ်ပြီး အလောင်းကိုတော့ အခုထိ ပြန်မရသေးဘူးလို့ သိရပါတယ်။