မြန်မာနိုင်ငံမှာဆိုရင် ပြည်သူအချင်းချင်းကူညီပေးဖို့အတွက် ဖောင်ဒေးရှင်းတွေဖွဲ့စည်းထားကြသလို မိဘမဲ့ကလေးငယ်လေးတွေအတွက်လည်း ဂေဟာလေးတွေဆောက်ပြီး စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း မိဘမေတ္တာငတ်မွတ်နေကြတဲ့ ကလေးငယ်လေးတွေအတွက် ဂေဟာတွေကိုသွားရောက်ပြီးတတ်နိုင်သလောက်လှူဒါန်းကြတာ ဖြစ်ပါတယ်။မန္တလေးမြို့မှာရှိတဲ့ YGW ပရဟိတမိဘမဲ့ကျောင်းလေးမှာဆိုရင်လည်း ကလေးငယ်လေးတွေအများအပြားကို ဘုန်းဘုန်းတို့က ပြုစုစောင့်ရှောက်ထားကြတာ ဖြစ်ပါတယ်။



ဘုန်းဘုန်းတို့က ကလေးတွေကို မေတ္တာအပြည့်အဝပေးပြီး ကျွေးမွေးစောင့်ရှောက်လာခဲ့လို့ ကလေးတွေကလည်းကျန်းကျန်းမာမာနဲ့ ချစ်စရာကောင်းအောင် ကြီးပြင်းလာခဲ့ကြတာ ဖြစ်ပါတယ်။အလှူရှင်တွေကလည်း YGW ပရဟိတမိဘမဲ့ကျောင်းကိုသွားရောက်ပြီး ချစ်စရာကလေးငယ်လေးတွေအတွက် လှူဒါန်းပေးကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဘုန်းဘုန်းတို့က အလှမပြင်ပေးတတ်ကြပေမယ့်လည်း သမီးလေးတွေလှဖို့အတွက် ခေါင်းမှာပိတောက်ပန်းတွေ သေသေချာချာပန်ပေးနေတာ ဖြစ်ပါတယ်။



ကလေးတွေအကုန်လုံးကလည်း မျက်နှာမှာသနပ်ခါးတွေလိမ်းခြယ်ထားပြီး ပိတောက်ပန်းလေးပါပန်ထားကြတော့အရမ်းချစ်စရာကောင်းနေကြတာဖြစ်ပါတယ်။ကလေးတွေကတော့ ဘုန်းဘုန်းတို့ရဲ့မေတ္တာတရားတွေကြောင့် နေ့ရက်တိုင်းကို စိတ်ချမ်းသာစွာဖြတ်သန်းနေရတာဖြစ်ပါတယ်။ကလေးငယ်လေးတွေအတွက် လှူဒါန်းချင်တယ်ဆိုရင်တော့ မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၂)၊ကနောင်မင်းသားကြီးလမ်း (၅၈)လမ်းကို သွားရောက်ကူညီပေးလို့ရကြောင်းကို နှိုးဆော်ရင်း ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။



Source&Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။