မြန်မာတစ်ပြည်လုံး ကပ်ဘေးတွေဆိုက်နေချိန်မှာ ကရင်ပြည်နယ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတချို့လည်း တောထဲပြေးပုန်းပြီး စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။မိမိတို့ရွာကို ဗုံးကြဲခံရလို့ နေအိမ်တွေမီးလောင်ပျက်စီးပြီး တောထဲမှာသာ အဆင်ပြေသလိုနေထိုင်စားသောက်နေရတာဖြစ်ပါတယ်။ပြည်သူလူထူကလည်းဒုက္ခရောက်နေတဲ့သူကိုမြင်ရင် မကြည့်ရက်ဘဲ ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့ တစ်တပ်တစ်အားကူညီဖေးမပေးကြတာ ဖြစ်ပါတယ်။





တချို့ပြည်သူတွေကလည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကူညီပြီးအလှူခံပေးနေကြတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတွေကတော့ အဝတ်အထည်၊အစားအသောက်၊ငွေကြေး စတဲ့တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းနေကြတာ ဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေရဲ့ စိတ်ရင်းက ဒုက္ခရောက်နေသူကို ဖေးမကူညီပြီး ကြင်နာမှုအပြည့်နဲ့စောင့်ရှောက်ပေးတတ်ကြတာ ဖြစ်ပါတယ်။အခုဆိုရင်တော့ စေတနာရှင်ပြည်သူတစ်စုက စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အစားနဲ့အရုပ်တွေကို လှူဒါန်းပေးတာဖြစ်ပါတယ်။





စစ်ဘေးရှောင်ပြည်သူတွေကလည်း လှူဒါန်းလာတဲ့ အဝတ်အထည်တွေကို မျှဝေခွဲယူနေကြပြီး ကလေးငယ်တွေကတော့ အရုပ်လှလှလေးတွေရလို့ ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။လမ်းခရီးအခက်အခဲရှိနေပေမယ့်လည်း တဆင့်တဆင့်နဲ့ ရွာတွေအစေ့ ရောက်အောင်ပို့ပေးခဲ့ကြတဲ့ Volunteer တွေကိုလည်း အလှူရှင်တွေက ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။အခုလိုမျိုး လိုအပ်တဲ့နေရာတွေကို တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးကြတဲ့ စေတနာရှင်တွေရဲ့အလှူကို ပီတိဖြစ်စွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။





Source&Photo Credit: Original Uploder
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။