ခုဆိုရင်မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကိုယ်စီကို ပြည်သူအားလုံးက ဒီနေ့ထိမမေ့ဘဲဆုတောင်းပေးခြင်းတွေအပြင် လှုပ်ရှားမှုမျိုးစုံနဲ့ ဂုဏ်ပြုဆန္ဒထုတ်ဖော်ပေးမှုတွေကို နေရာအနှံအပြားမှာ ညီညီညွတ်ညွတ်ပြုလုပ်လျက်ရှိတာကို ကြည်သီးထဖွယ်ကောင်းလောက်အောင်ကိုတွေ့မြင်ရပါတယ်။ထိုလှုပ်ရှားမှုမြင်ကွင်းတွေဟာဆိုရင်လည်း နိုင်ငံတစ်ဝှမ်းရဲ့ သတင်းတွေအထိရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။


အိမ်မပြန်လာနိုင်တော့တဲ့ သူရဲကောင်းတွေအတွက် အားလုံးက မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းခဲ့ကြသလို ကျန်ရစ်သူမိသားစုတွေအတွက်လည်း အလှူငွေများလှူဒါန်းပေးကာ ပြန်လည်ကြည့်ရှုပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ပြည်သူတွေဟာ ဒီလိုအပစ်အခတ်တွေကို နေရာအနှံအပြားမှာ နေ့စဉ်တိုင်း ရင်ဆိုင်နေရပေမယ့်လည်း လက်မလျော့ကြဘဲ ယုံကြည်ချက်ပန်းတိုင်တစ်ကိုရဖို့ ရရာနေရာကနေ ကြိုးပမ်းနေကြဆဲပါ။


ဒီနေ့ ဧပြီလ(၆)ရက်နေ့မှာဆိုရင်လည်း သွေးမတိတ် သပိတ်ဆိုတဲ့ လှုပ်ရှားမှုကြီးကို လမ်းမတွေထက်မှာ ဆေးအနီများပက်ဖြန်းကာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေရဲ့ သွေးတွေဘယ်တော့မှမခြောက်သလို တော်လှန်ရေးတိုက်ပွဲကြီးကိုလည်း ဘယ်တော့မှမရပ်ကြောင်း မြို့နယ်တော်တော်များများမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။စမ်းချောင်းကလူငယ်များကလည်း ထိုလှုပ်ရှားမှုကြီးမှာ ညီညီညွတ်ညွတ်ပါဝင်ခဲ့ကြပြီး ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေရဲ့ပုံရိပ်တွေကိုသရုပ်ဖော်ရင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ပရိသတ်ကြီးအတွက် စမ်းချောင်းက Gen XYZ တို့ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေ။


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။