လက်ရှိမှာဆိုရင် လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေရဲ့သတင်းတွေကလည်း ကြားရသူတွေအဖို့ တကယ့်ကို စိတ်မကောင်းဖြစ်မိစေလောက်ပါတယ်။ အခုလည်း ပြည်သူတစ်ယောက်က သေဆုံးသွားတဲ့ သူ့အစ်ကိုရဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့သူကတော့ အသက် (၃၀) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဇော်ထွန်းအောင်ဆိုသူပဲ ဖြစ်ပါတယ်။

ညီဖြစ်သူရဲ့ရေးသားပြောပြချက်အရ ကိုဇော်ထွန်းအောင်က လူထုလှုပ်ရှားမှုတွေမှာ အသက်နဲ့ရင်းပြီး ပါဝင်ခဲ့ရာကနေ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ ကိုဇော်ထွန်းအောင်ရဲ့ရုပ်အလောင်းကိုတော့ ပြီးခဲ့တဲ့ ဧပြီလ (၄) ရက်နေ့က မြို့မသုသာန်မှာ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပြီ ဖြစ်ပါတယ် ။ ကိုဇော်ထွန်းအောင်အတွက် မိသားစုဝင်တွေက ကြေကွဲဝမ်းနည်းနေရသလို သူ့ရဲ့ခွေးလေးကလည်း သခင်ကို စိတ်ပူနေရှာတာ ဖြစ်ပါတယ် ။ ညီဖြစ်သူရဲ့စာထဲမှာလည်း ကိုဇော်ထွန်းအောင်ရဲ့ခွေးလေးအကြောင်းကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ် ။Photo Credit-Min Thaw Ka's FB Acc



ခွေးလေးက ပြန်မလာနိုင်တော့တဲ့ သူ့ရဲ့သခင်ကို စောင့်မျှော်နေတာဖြစ်ပြီး မတွေ့ရလို့ တစ်ဆိုင်လုံး ပတ်ရှာနေခဲ့တာ ဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ ခွေးလေးက သူ့ရဲ့သခင်ကိုဇော်ထွန်းအောင် အိပ်နေကျ ကုတင်ပေါ်မှာအိပ်ပြီး စောင့်နေတာဖြစ်ကြောင်းကို ညီဖြစ်သူက ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ "အစ်ကိုရေ...မင်းအပြင်ခဏထွက်ရင်တောင် ဆိုင်ရှေ့ကနေ ထွက်ထွက်စောင့်နေတတ်တဲ့ မင်းခွေးလေးကို ငါဘယ်လိုပြောပြရမလဲကွာ...ညတိုင်း မင်းနဲ့လမ်းလျှောက်နေကျ မနေ့ညက မင်းပြန်မလာသေးလို့ မျှော်နေသေးတယ်...." ဆိုတဲ့ ညီဖြစ်သူရဲ့စကားတွေကလည်း တကယ့်ကို ကြေကွဲဝမ်းနည်းစရာကောင်းနေခဲ့တာ ဖြစ်ပါတယ် ။
Source & Photo Credit-Min Thaw Ka's FB Acc




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။