ဆွီဒင်သံရုံးက သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းပြီး နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရမယ်လို့ ထုတ်ပြန်

//s9.kh1.co/3f/3f1b07ca574db89c3a40b167d615d837b1e630ca.jpg
နေ့စဉ်သတင်းများ

 ၂၅-ဇန်-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

ဆွီဒင်သံရုံးက ယနေ့မနက်က..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယနေ့ ဇန်နဝါရီ (၂၅)ရက်နေ့ ၊ နံနက်က မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးက မြန်မာနိုင်ငံပြည်သူတွေအတွက် အထူးသဖြင့် နိုင်ငံရေးအကျဥ်းသားများနဲ့ ပတ်သက်တဲ့ ကြေငြာချက် တစ်ခုကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဲ့တာကတော့ လက်ရှိသေဒဏ်ချမှတ်ခြင်းများကို ဖျက်သိမ်းပေးပြီး နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရမယ် ဆိုတဲ့ ကြေငြာချက်ပဲဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံရုံးက ယနေ့မနက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးကျော်မင်းယု ခေါ် ဦးဂျင်မီ နှင့် NLD လွှတ်တော်အမတ်ဖြစ်သူ ဦးဖြိုးဇေယျာသော်တို့အား သေဒဏ် ချမှတ်လိုက်ပြီးနောက် သေဒဏ်ချမှတ်ခံရသူ (၄၅) ဦးထိ ရှိလာခဲ့တဲ့အတွက် အသက်ရှင်သန်ခွင့်အား လေးစားလိုက်နာခြင်းဟာ လူ့အခွင့်အရေးရဲ့ အဓိကအချက်ပင်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံအနေဖြင့် ထပ်လောင်း သတိပေး လိုတယ်လို့ဆိုပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T