ဂေါ်ဇီလာနောက်တစ်ကား ထပ်ထွက်လာဦးမယ်

//s9.kh1.co/89/89ae75c57ef9236cbb7878563650be94aef12440.webp
ဖျော်ဖြေရေးများ

 ၂၂-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဒီတစ်ခေါက်တော့ Apple Plus ပေါ်ကိုရောက်ရှိလာမှာပါ

မနှစ်ကထွက်ရှိခဲ့တဲ့ Godzilla vs. Kong ရုပ်ရှင်ကားဟာ တော်တော်လေးအောင်မြင်ခဲ့ပြီး ပရိသတ်တွေကြားမှာလည်း ပြောစရာတစ်ခုအဖြစ် အချိန်တော်တော်ကြာအောင် ကျန်နေခဲ့တဲ့အပြင် မထွက်ခင်ကလည်း တော်တော်လေး Hype ခဲ့ကြတဲ့ဇာတ်ကားပါ Godzilla ကိုဗားရှင်းအမျိုးမျိုးနဲ့ ပြခဲ့တဲ့ ရုပ်ရှင်ကားတွေအများကြီးထဲကမှ ဒီကားထဲမှာတော့ ဂေါ်ဇီလာကြီးနဲ့ ကင်းကောင်ကြီးတို့ရဲ့ Epic Battle တွေအများကြီးကိုပါ မြင်ခဲ့ရပါတယ် ဒီတစ်ခေါက်မှာလည်း ကြီးမားလှတဲ့ ဂေါ်ဇီလာကြီးနဲ့ သူ့အဖော်အကောင်ကြီးတွေရဲ့ ဇာတ်လမ်းနောက်တစ်ပုဒ်ကို Movie Streaming app တစ်ခုဖြစ်တဲ့ Apple Plus ပေါ်မှာ ကြည့်ရဦးမှာပါ

Credit:IMDb
Credit:IMDb

ပြီးခဲ့တဲ့ကြာသာပတေးနေ့က Legendary Monsterverse ကိုပြသမယ်လို့ Apple Plus ကကြေညာခဲ့ပါတယ် အက်ရှင်စီးရီးအနေနဲ့ ထုတ်ပေးမှာဖြစ်ပြီး Monsterverse ကိုဖန်တီးထားသူတွေကတော့ Chris Black နဲ့ Matt Fraction တို့ဖြစ်ပါတယ် Chris က Star Trel ကိုဖန်တီးသူဖြစ်ပြီး Matt ကတော့ Disney plus ပေါ်က Hawkeye စီးရီးဖန်တီးမူမှာ ပါဝင်သူတစ်ယောက်ပါ သူတို့နှစ်ယောက်နဲ့အတူတူ Toho ရဲ့ Hiro Matsuoka နဲ့ Takemasa Arita,Safe House Pictures ရဲ့ Joby Harold နဲ့ Tory Tunnell တို့ကထုတ်လုပ်‌ရေးအဖြစ် တာဝန်ယူကြမှာလို့သိရပါတယ် 

Monsterverse Logo
Monsterverse Logo

Godzilla vs.Kong ပြီးနောက် ခုလာမဲ့ကားထဲမှာ ဂေါ်ဇီလာရယ် တိုက်တန်အကောင်ကြီးတွေရယ် ပရိသတ်နည်းနည်းအာရုံစိုက်ရမဲ့ လူသားမိသားစုတစ်ခုတို့ ပါဝင်နိုင်ပါတယ် Apple ရဲ့ထုတ်ပြန်ချက်အရ ဂေါ်ဇီလာနဲ့ ကင်းကောင်တို့ကို တိုက်ခိုက်ကြစေတဲ့ ဗီလိန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Monarch နဲ့အသစ်ပါဝင်လာမဲ့ မိသားစုအသစ်တို့ဟာ တော်တော်လေးနက်တဲ့ ဆက်သွယ်မူတွေရှိနေမှာလို့ သိရပါတယ်

ပြောရမယ်ဆို ဒီလိုကားတွေထဲမှာ ပါတဲ့လူတွေကြောင့် ဇာတ်ကားအရသာဟာ တမျိုးကြီးဖြစ်ဖြစ်သွားတတ်ပါတယ် တခါတလေကျရင် လူတွေရဲ့ပါဝင်မူက အပိုကြီးတွေဖြစ်နေတတ်ပြီး ဇာတ်လမ်းကကောင်းတာကို မပြနိုင်တော့ပဲ ရည်ရွယ်ချက်လွဲလွဲသွားတတ်လို့ပါ

Credit:IMDb
Credit:IMDb

ဒါပေမဲ့ ဘယ်ကောင်တွေပေါ်လာပြီး ဘယ်လိုချကြဦးမလဲဆိုတာ မသိရသေးတဲ့အတွက် လူတွေပါတာက သိပ်မဆိုးတာလည်းဖြစ်နိုင်ပါတယ် 

ဘယ်ချိန်စရိုက်မယ် ဘယ်သူတွေနဲ့ရိုက်မယ်ဆိုတာတွေတော့ မသိရသေးပါဘူး ခုမှစလုံးရေးစတာဖြစ်တာကြောင့် အဲ့ဒါတွေသိရဖို့အထိကတော့ တော်တော်လေးလိုဦးမယ်ထင်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T