လက်ထပ်တော့မယ့်အကြောင်းကြေညာလိုက်တဲ့ မင်းသားကြီးမာဒုန်ဆော့

//s9.kh1.co/fd/fdff267e0ab356bee15c4943dd2d5b3e6fc629df.jpg
ဖျော်ဖြေရေးများ

 ၀၉-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂၁ ရက် က

လက်ထပ်တော့မယ့်အကြောင်းကြေညာလိုက်တဲ့ မင်းသားကြီးမာဒုန်ဆော့

တောင်ကိုးရီးယားရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ပြီးတော့ ဟောလိဝုဒ်မှာပါနေရာရခဲ့သူဖြစ်တဲ့ မင်းသားကြီးမာဒုန်ဆော့ ဟာ လက်ထပ်ပွဲကျင်းပတော့မယ့်သတင်းကိုကြေညာခဲ့ပါတယ်။ Ye JungHwa နှင့် မာဒုန်ဆော့ဟာ အသက် ၁၇ နှစ်တောင်ကွာကြတဲ့စုံတွဲလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=417,h=524,q=100/23/239c4df83aaa71f1ffcfa5ce9639fe5d42071ce6.jpg

နှစ်ယောက်သားဟာ ချစ်သူဖြစ်နေကြောင်းကို ၂၀၁၆ ကတည်းကတရားဝင်ကြေညာပြီးတွဲနေခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၁ မှာတော့ လက်ထပ်မှတ်ပုံတင်ပြီး တရားဝင်ဇနီးမောင်နှံအဖြစ် နေထိုင်ခဲ့ကြပါတယ်။ လက်ထပ်ပွဲကို အခုမှလုပ်တာဖြစ်ပြီးတော့ မိသားစုဆွေမျိုးနှင့် အသိတွေကိုပဲဖိတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=564,h=449,q=100/e1/e1d5206cc4e22da1dc521fe4ed6096a7ee0d65cf.jpg

မာဒုံဆော့ဟာ ရုပ်ရှင်အတော်များများကိုရိုက်ကူးခဲ့သူဖြစ်ပြီးတော့ ဒရာမာပရိတ်သတ်တွေပါ ရင်းနှီးကြတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Marvel ဇာတ်ကားနှင့် ဟောလိဝုဒ်ကားတစ်ချို့မှာပါ ပါဝင်ရိုက်ကူးဖူးတာကြောင့် အတော်လေးအောင်မြင်တဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ရဲဂျောင်ဟွာကလည်း မင်းသမီးတစ်ယောက်ပဲဖြစ်ပြီးတော့ နှစ်ယောက်သားအတူရိုက်ကူးထားတဲ့ရုပ်ရှင်လည်းရှိပါတယ်။ 

https://s9.kh1.co/__image/w=530,h=795,q=100/62/624679c42a8f07efcc1111d7c89162374ed2b0f1.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T