ဂိမ်းတွေ App တွေရပ်တန့်သွားခဲ့ရတဲ့ Amazon ရဲ့ System Down မူ

//s9.kh1.co/82/820d514a5571928465fa60232e5dddbe2a5b80ca.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

မနေ့က ဖြစ်ပွားခဲ့တဲ့ Amazon Web Service တွေ Down သွားမူကြောင့် အမေရိကန်နဲ့ တချို့ဒေသတွေမှာ ဂိမ်းတွေ ဖျော်ဖြေရေး ဝန်ဆောင်မူ တွေကို ဝင်မရ အသုံးပြုမရ‌တာတွေ ဖြစ်ပွားခဲ့ပါတယ် ဟိုးတစ်ခေါက်က Facebook ကြီး ကျသွားသလို Web Service တွေအကုန်ကျသွားပြီး တော်တော်လေးကြာခဲ့တာပါ Amazon ဟာ ခုလိုခဏခဏ ကျသွားတတ်တယ်လို့လည်း သိရပါတယ်

Credit to original uploader
Credit to original uploader

Amazon Web Service ကို Host အဖြစ် အသုံးပြုကြတဲ့ ဂိမ်းတွေ ဖျော်ဖြေရေး App တွေ ဈေးဝယ်တဲ့ App တွေကအစ သုံးမရတော့တာပါ Prime Video တို့ Disney plus တို့လို ဖျော်ဖြေရေးဝန်ဆောင်မူကြီးတွေကို ဝင်လို့ရပေမဲ့ ဇာတ်ကားတွေ ကြည့်မရဖြစ်ခဲ့ကြပြီး ဂိမ်းထဲမှာဆိုရင်တော့ Riot ကုမ္ပဏီက ဂိမ်းတွေဖြစ်တဲ့ League Of Legends, League Of Legends:Wild Rift နဲ့ Valorant တို့ဖြစ်ပြီး တခြား New World ဂိမ်းတွေကိုပါ ဆော့မရဖြစ်ခဲ့ပါတယ်

Credit:Amazon
Credit:Amazon

PUBG,Dead By Daylight, Destiny 2 တို့ကလည်း Login ဝင်မရတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် Uplay နဲ့ Epic Game Store တို့ပါ တချိန်တည်းမှာ ကျသွားခဲ့တာကြောင့် အဲ့ပေါ်က ဂိမ်းတွေကိုလည်း ဝင်ကြည့်လို့ ရဦးမှာမဟုတ်သေးပါဘူး ဒီလို ဂိမ်းတွေ Streaming service တွေသာမကပဲ အင်တာနက်နဲ့ ဈေးဝယ်တဲ့ ဖုန်း app တွေပါ တော်တော်များများ အသုံးပြုမရ ဖြစ်ခဲ့တဲ့အပြင် Amazon ရဲ့ ဝန်ဆောင်မူတွေဖြစ်တဲ့ Alexa Voice နဲ့ Amazon Music တို့လည်း ရပ်တန့်သွားခဲ့ပါတယ် 

Credit:Down Detector
Credit:Down Detector

Amazon ဖက်ကတော့ ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေနေပြီး အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပါမယ်လို့ ထုတ်ပြန်ခဲ့ပါတယ် ဒါပေမဲ့ ပြန်ရမဲ့အချိန်အတိအကျကိုတော့ ပြောသွားခြင်း မရှိပါဘူး

Amazon sever တွေဟာ အမေရိကန် နိုင်ငံရဲ့ နေရာတော်တော်များများမှာ ကျကျသွားလေ့ရှိပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်း ၂၇ ကြိမ် system ကျတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T