မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ အစိုးရအသစ် ရှိလာမလား

//s9.kh1.co/a6/a6868c5a283b22528d9bb6eae8586a21c5832a87.jpg
နေ့စဉ်သတင်းများ

 ၀၈-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထိမ်းအမှတ်နဲ့ နှစ်စဥ် ဒီဇင်ဘာ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/98/98669fdeac4e6cb0b97224de77cf53d15d31856f.jpg

၂၀၂၁ အာဏာသိမ်းမှု ဖြစ်စဥ်အပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ အရင်ကထက် ပိုများလာခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရကတော့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းထားပြီး အခုခါမှာလည်း ဒီဇင်ဘာ ၁၀ ရက်နေ့ လူ့အခွင့်အရေးနေ့အတွက် ကမ်ပိန်း ပြုလုပ်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=482,q=100/2d/2d081fe9cccfd471e6440db1c971271f0fc97444.jpg

အဆိုပါ ကမ်ပိန်းဟာ "ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ" အမည်ရပြီး ဘာသာပေါင်းစုံ အဖွဲ့အစည်းက ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ ဘာသာရေးခေါင်းဆောင်တွေ နဲ့ လူမျိုးပေါင်းစုံ ပါဝင်လာတာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=364,q=100/df/df23da51aedbef46bbd64e94f878330ac709ff91.jpg
https://s9.kh1.co/__image/w=650,h=867,q=100/02/02ca7d117f272403e537ebfd958bbce1b386e61d.jpg

ခုလို ပြည်သူအများ သွေးစည်းညီညွတ်မှုကို တွေ့ရတာ ကြည်နူးစရာ ကောင်းပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံထားရသူများကို ဘယ်လို ကာကွယ်မလဲ၊ နောက်ထပ်ချိုးဖောက်မှုတွေ မရှိအောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတာ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source - Ministry of Human Rights

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T