ကြည့်မြင်တိုင်ဖြိုခွင်းမှုမှာ ထိခိုက်ဒဏ်ရာရရှိပြီးဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးသတင်းထောက် သတိပြန်ရလာပြီ

//s9.kh1.co/a5/a5dfe927a4fc0528bc84b59b94649c70a8aa53f2.jpg
နေ့စဉ်သတင်းများ

 ၀၇-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ(၅)ရက်နေ့ကဖြစ်ပွားခဲ့တဲ့..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်အတွင်း ဒီဇင်ဘာ(၅)ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲ ဖြိုခွင်းမှု မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းမှာ သတိပြန်ရလာပြီဖြစ်ကြောင်း မိသားစုဝင်နဲ့နီးစပ်သူများရဲ့ ပြောကြားလာချက်အရ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီဇင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြလူငယ်များကို လိုက်လံ မှတ်တမ်းတင် ရိုက်ကူးခဲ့ရာမှ ဦးခေါင်းထိခိုက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။သူမရဲ့အခြေအနေဟာ အရမ်းစိုးရိမ်ရတာကြောင့် မိသားစုဝင်နှင့် သူငယ်ချင်းများသာမက ပြည်သူတစ်ရပ်လုံးကပါ စိတ်ပူနေခဲ့ကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သူမဟာ လက်ရှိမှာ ရန်ကုန်မြို့ အမှတ်(၂) စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပြီး ယနေ့ ဒီဇင်ဘာ(၇)ရက်နေ့ နေ့လည်ပိုင်းက ပြန်လည်သတိရလာခဲ့တယ်လို့ သူမနဲ့ နီးစပ်ရာအသိုင်းအဝိုင်းက ဆိုပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T