တောင်ကိုရီးယားနိုင်ငံမှာဆိုရင် ကိုဗစ် - ၁၉ မျိုးကွဲဗိုင်းရပ် ကူးစက်ခံရသူ အရေအတွက်ဟာ အခုဆိုရင် ၂၄ ဦးထိ ရှိလာပြီပဲဖြစ်ပါတယ်။ ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့က အိုမီခရွန်အတည်ပြုလူနာ ၃ ဦးကနေ ဆက်စပ်ပြီး ၁၂ ဦးအထိ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ၁၂ ဦး ကနေ ၂၄ ဦးအထိ ထပ်မံစစ်ဆေးတွေရှိလာခဲ့တာပဲဖြစ်ပါတယ်။
ဥဇဘက်ကစ္စတန်နိုင်ငံကို သွားပြီး ကိုရီးယားနိုင်ငံကို ပြန်ဝင်လာခဲ့တဲ့ မိသားစု တစ်စုမှ မိမိတို့ ရောဂါပိုးကူးစက်ခံထားရတာကို မသိရှိဘဲ အင်ချွန်းမြို့ရှိ Michuhol-gu မှာ ချက်စ်ဘုရားကျောင်း သွားတတ်ခဲ့ရာမှစ၍ အဆင့်ဆင့် ကူးစက်ခဲ့တာလို့ သိရပါတယ်။
အိုမီခရွန်မျိုးကွဲဗိုင်းရပ် ကူးစက်မှုတိုးပွားလာတာနှင့်အမျှ တောင်ကိုရီးယားနိုင်ငံလေဆိပ်တွေမှာ ကူးစက်မှု ထိမ်းချုပ်နိုင်ရန် စည်းကမ်း တင်းကြပ်မှုတွေ ပိုပြီးလုပ်ဆောင်လာခဲ့ပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးထိုးနှံထားပြီးသော နိုင်ငံခြားသားများကို ကာကွယ်ဆေးထိုးနှံပြီးသော တောင်ကိုရီးယားနိုင်ငံသားများထက် တင်းကြပ်မှုများ ပိုမျိုလုပ်ဆောင်နေတယ်လို့ ကြားသိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာဆိုရင် ကိုဗစ် - ၁၉ ဗိုင်းရပ် စတင်ကူးစက်ချိန်မှစ၍ အတည်ပြုလူနာ ၄၇၇,၃၅၈ ဦးထိရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၃,၈၉၃ ရှိသွားပြီဖြစ်တယ်လို့ ကိုရီးယားရောဂါပိုးထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (KDCA) ရဲ့အတည်ပြုချက်အရသိရှိရပါတယ်။ ကိုဗစ် - ၁၉ မျိုးကွဲဗိုင်းရပ် အိုမီခရွန် ကူးစက်ခံရသူဦးရေကတော့ လက်ရှိအချိန်အထိ ၂၄ ဦးရှိသွားပြီဖြစ်ပြီး ထပ်မံတိုးလာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။