ရန်ကုန်ဆန္ဒပြပွဲဖြိုခွင်းမှု အား လုံးဝလက်မခံနိုင်ကြောင်း ကုလသမဂ္ဂ ပြောကြား

//s9.kh1.co/9e/9ea0fbaaaa3840ffec7dd7773c2574cef62ad852.jpg
နေ့စဉ်သတင်းများ

 ၀၆-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ယမန်နေ့ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲဖြိုခွင်းမှုကို.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယမန်နေ့ ဒီဇင်ဘာ(၅)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၊ ကြည့်မြင်တိုင်မြို့နယ် မှာ ဆန္ဒပြပွဲအား ဖြိုခွင်းခံရတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ထိုဖြစ်စဥ်နဲ့ပတ်သက်၍ ပြည်သူအတော်အများက စိတ်မကောင်းဖြစ်ကာ ပူဆွေးသောကရောက်နေခဲ့ကြတာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ထိုဖြစ်စဥ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံရုံးက ညှိနှိုင်းဆောင်ရွက်ရေးမှူး Ramanathan Balakrishnan က မနေ့ကပဲ ကြေညာချက် ထုတ်ပြန်လာခဲ့ပါတယ်။ " လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်၊ လက်နက်မဲ့ ပြည်သူတွေအပေါ် အခုလိုအကြမ်းဖက်တဲ့သူတွေကို ဖော်ထုတ်အရေးယူ မှဖြစ်မယ် " လို့လည်း ကြေညာချက်မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ဆန္ဒပြသူတွေ " ဖြိုခွဲခံရတဲ့သတင်းကြောင့် ထိတ်လန့်တုန်လှုပ်မိတယ်လို့ မနေ့ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ယခုလိုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာဟာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို မီးမောင်း ထိုးပြနေတယ်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေနဲ့ အမေရိကန်က အတူ ရပ်တည်နေတယ်၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုတယ် " လို့ အမေရိကန်သံရုံးရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T