ကိုဗစ်အန္တရာယ်ကြောင့် ပါဆယ်စနစ်ဖြင့်သာရောင်းချပေးနေတဲ့ မန္တလေးမြို့က (၂၀၀)ကျပ်တန် ဇလုံထမင်းဆိုင်

//s9.kh1.co/c8/c83a59a7480afb97929761f272eaed9a03a0f609.jpg
နေ့စဉ်သတင်းများ

 ၀၄-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ခုလိုကာလမှာ ခက်ခဲနေတဲ့ပြည်သူတွေကိုရည်ရွယ်ကာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကိုဗစ်ရောဂါကြီးဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေခဲ့တာဆိုရင် (၂)နှစ်ဆိုတဲ့ အချိန်ကာလအတွင်းကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ထို ကိုဗစ်ကပ်ရောဂါကြီး စတင်ဝင်ရောက်လာစဉ်ကတည်းက မြန်မာပြည်သူများအနေဖြင့် စီးပွားရေးဆိုင်ရာအခက်အခဲများကို စတင်ကြုံတွေ့လာကြရပါတယ်။ဒါ့အပြင် ခုလိုနိုင်ငံရေးမတည်ငြိမ်မှုများကြားမှာပြည်သူများမှာ ပိုမိုခက်ခဲလာခဲ့ကြတာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သိပ်မကြာခင်ကပဲ ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဒဂုံမြို့နယ်မှာ ခက်ခဲနေတဲ့ ပြည်သူတွေအတွက်ရည်ရွယ်ကာ ပြည်သူတစ်ဦးက (၅၀၀)ကျပ်တန်ဇလုံထမင်းဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ထိုမှစ၍ ခက်ခဲသောပြည်သူများ အဆင်ပြေချောမွေ့စေရန်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းရဲ့ အချို့နေရာများ ၊ စစ်ကိုင်းတိုင်း မုံရွာမြို့ နှင့် အခုအခါ မန္တလေးတိုင်းဒေသကြီးမှာပါဖွင့်လှစ်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

လက်ရှိမှာတော့ မန္တလေးတိုင်းဒေသကြီးမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ (၅၀၀)ကျပ်တန် ဇလုံထမင်းဆိုင်အနေနဲ့ ယနေ့မှာ လာရောက်လှူဒါန်းတဲ့အလှူရှင်ရှိနေခဲ့တဲ့အတွက် (၂၀၀)ကျပ်ဖြင့်သာရောင်းချနေတာဖြစ်ပြီး စားသုံးသူများအနေနဲ့ ကိုဗစ်ရောဂါအန္တရာယ်မှ ကာကွယ်နိုင်စေရန်အတွက် ရောင်းချသူများမှ  ပါဆယ်စနစ်ဖြင့်သာ ထိန်းချုပ် ရောင်းချခဲ့တာဖြစ်ပါတယ်။လာရောက်ဝယ်ယူစားသုံးသူတွေလည်းများစွာရှိခဲ့တာဖြစ်ပြီး နောက်ထပ်ပြည်သူကိုအထောက်အကူပြုနိုင်မယ့် ဆိုင်များထပ်မံပေါ်ထွက်လာနိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T