ရေလွှာလျှောစီးနေရင်း ထိတ်လန့်စရာ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသား

//s9.kh1.co/6e/6ebead84d913a6c9f4236f2bf8bcfdc71d254a61.jpg
နေ့စဉ်သတင်းများ

 ၀၂-ဒီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၂ နှစ် က

.

အမေရိကန် Isabela၊ Middles ကမ်းခြေ အနီးနားမှာ ရေလွှာလျှောစီးသူတစ်ဦးကို ရုတ်တရက် ထိတ်လန့်စရာတစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း New Yort Post သတင်းတစ်ပုဒ်မှာ ဖော်ပြလာတာတွေ့ရပါတယ်။ Rolando Montes ဆိုသူဟာ ပင်လယ်ထဲ ရေလွှာလျှောစီးနေရင်းကနေ ငါးမန်းတစ်ကောင်ရဲ့ ရုတ်တရက် အနီးအနားကို ရောက်လာပြီး တိုက်ခိုက်ဖို့ဟန်ပြင်နေတဲ့အချိန် ကမ်းခြေကို အလျှင်အမြန်လှော်ခတ်ရန် ကြိုးပမ်းနေချိန်မှာ သူငယ်ချင်းဖြစ်သူက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - New Yort Post
Photo Credit - New Yort Post

ငါးမန်းနဲ့ အနီးအနားကိုရောက်နေတဲ့ Rolando Montes ဟာ ကမ်းခြေကို အလျင်အမြန် ကူးခတ်လာခဲ့ကြောင့် ကံကောင်းထောက်မစွာ အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါဒေသဟာ ငါးမန်းများ ကျက်စားရာနေရာတစ်ခုလည်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကလည်း အလားတူ ဖြစ်ရပ်မျိုးတွေရှိခဲ့ပါတယ်။ ငါးမန်း တိုက်ခိုက်မှုများ ပိုမိုရှိလာတာကြောင့် သတိပေးတဲ့ ဆိုင်းဘုတ်များလည်း ထားရှိခဲ့ပါတယ်။

Photo Credit - New Yort Post
Photo Credit - New Yort Post

အမေရိကန်မှာ ယခုနှစ်အတွင်း ကမ္ဘာရှိ ငါးမန်းမြို့တော်အဖြစ် သတ်မှတ်ခံထားရသော Cape Cod, Massachusetts မှာ တိုက်ခိုက်မှုများကြောင့် သြစတြေးလျကို ကျော်တက်သွားခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်ဟာ ငါးမန်းတိုက်ခိုက်ခံရမှုမှာ (၃၃) ကြိမ်နဲ့ အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သြစတြေးလျမှာတော့ (၁၈) ကြိမ် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ငါးမန်းများဟာ ရေလွှာလျှောစီးသူများနှင့် ရေကစားသူများကို အဓိကပစ်မှတ်များဖြစ်ပုံရပြီး ယမန်နှစ်အတွင်း သေဆုံးသူများမှာ (၆၁) ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်Source - New Yort Post

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T